Monday, August 29, 2016

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲနည်းသင်တန်း ဖွင့်လှစ်




ပွင့်ဖြူ       သြဂုတ်       ၂၅
          ပွင့်ဖြူမြို့နယ်၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သော ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားအား သြဂုတ်လ(၂၄)ရက်နေ့ နံနက်(၉)နာရီ က လက်ခုပ်ကျေးရွာ၊ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
          အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်မှ အဖွင့်အမှာစကားပြောကြား ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မှ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း ရေးဆွဲရခြင်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်မြတ်စုထွန်းမှ စီမံကိန်း ရေးဆွဲရခြင်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် အသေးစိတ်အချက်အလက် များကို ဆွေးနွေးပြောကြားပြီး ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
          အဆိုပါသင်တန်းသို့ လက်ခုပ်ကျေးရွာအုပ်စုမှ ကျေးရွာခွဲ(၄)ရွာ၊သရက်အုပ်ကျေးရွာအုပ်စုမှ ကျေးရွာခွဲ (၁၁)ရွာတို့မှ ကျေးရွာဖွံ့ ဖြိုးရေးအကျိုးဆောင် (၃၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ သြဂုတ်လ(၂၄)ရက်နေ့မှ (၂၇)ရက်နေ့ထိ (၄)ရက်ကြာ ဆွေးနွေးသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ပွင့်ဖြူမြို့နယ်အတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲနည်းသင်တန်းအား ကျေးရွာအုပ်စုများအလိုက် (၁၄) ကြိမ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပထမအဆင့်(၂၉)မြို့နယ်ဆောင်ရွက်ရာ ပွင့်ဖြူမြို့နယ်တွင် စတင်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျေးရွာပြည်သူများကိုယ် တိုင် အုပ်စုဖွဲ့ဆွေးနွေးခြင်းမှ ရရှိလာသောအချက်အလက်များအရ ဒေသခံကျေးရွာသူ/ရွာသားများကိုယ်တိုင် မိမိကျေးရွာ၏ ဖွံ့ဖြိုးရေးကဏ္ဍအသီးသီးအား ဦးစားပေးအစီအစဉ်အလိုက် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment