Monday, August 15, 2016

နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓါတ်ပုံပြပွဲနှင့်ဟောပြောပွဲများဆောင်ရွက်

် ငဖဲ       သြဂုတ်      ၁၃
အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းပြင်ပ အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် ဟောပြောပွဲများကို သြဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာအုပ်စု ဂုတ်ဝကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် နေ့လည်ပိုင်းတွင် ဇင်ပြွန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲတို့၌ ကျင်းပဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန် တုပ်ကွေးရောဂါနှင့် ရောဂါလက္ခဏာများ၊ ကျောင်းသားလူငယ်များ ကျန်းမာရေးအသိပညာပေးမှူ များကိုဟောပြောဆွေးနွေးခဲ့သည်။
ယင်းနောက်ကလေးကြိုက် ရုပ်ပြပုံပြင်၊ တေဇ၊ ကလေးသုတစာအုပ်များဖြင့် ကလေးစာ ဖတ်ဝိုင်းများဆောင်ရွက်ပေးသည်။ စာဖတ်ဝိုင်းအပြီးတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနရုံးမှ ပြသထား သော ဗိုလ်ချူပ်အောင်ဆန်း၏ မိသားစုမှတ်တမ်းဓါတ်ပုံများ၊ မိုးရာသီနှင့်သွေးလွန် တုပ်ကွေး၊ မြန်မာအမျိုးသမီးများနေ့အကြောင်း သိကောင်းစရာများနှင့် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု လှူပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများကို ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment