ပခုက္ကူ သြဂုတ်
၂၈
ပခုက္ကူမြို့နယ်တွင် ကြီးရွာလျှပ်စစ်မြစ်ရေတင်ဖြင့် မိုးစပါးများစိုက်ပျိုးလျှက်ရှိပြီးမျိုးကောင်းမျိုးသန့်များထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက်
အကျိုးဆောင်တောင်သူ (၁၉)ဦးဖြင့် ဆင်းသုခမျိုးစေ့ထုတ်စပါးစိုက်ခင်းဧက (၅၀)စိုက်ပျိုးလျှက်ရှိပြီးအဆိုပါ
မျိုးစေ့ထုတ်စိုက်ကွင်းဧက (၅၀)အတွက် ပခုက္ကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ
တိုင်းဒေသကြီးဦးစီးမှူး၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် မျိုးစေ့ထုတ်စပါးစိုက်ခင်းတစ်ဧကလျှင်
ယူရီးယားမြေသြဇာ(ပန်းဖူး)တစ်အိတ်နှုန်းဖြင့် ယူရီးယား(၅၀)အိတ် ထောက်ပံ့ပေးအပ်ပွဲကိုရွှေတန့်တစ်ကျေးရွာကွင်းအမှတ်(၃၁၄)ဦးပိုင်အမှတ်(၃၈)
တောင်သူဦးမိုးကျော်၏ ဆင်းသုခမျိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း(၆.၀၀)ဧကတွင် ယမန်နေ့ နံနက်ပိုင်းကကျင်းပရာတိုင်းဒေသကြီးဦးစီးမှူးရုံးမှတိုင်းဒေသကြီးသီးနှံကာကွယ်ရေးတာဝန်ခံ
ဒေါ်မော်မော်ဝင်း၊တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်မီမီချို၊ခရိုင်ဦးစီးမှူး ဦးရန်နိုင်ဝင်း၊မြို့နယ်ဦးစီးမှူးဦးစန်းလွင်နှင့်ပခုက္ကူမြို့နယ်
ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်ထူးအောင်တို့မှ မျိုးစေ့ထုတ်တောင်သူ(၁၉)ဦးထံဓါတ်မြေသြဇာအိတ်များနှင့်
နှစ်ရှည်သီးနှံပင်များဖြစ်သည့် စိန်တလုံးသရက်ကိုင်းဆက်ပျိုးပင်များ၊ကီလိုမာလကာပျိုးပင်များနှင့်အတူပေးအပ်ခဲ့ကြောင်းနှင့်အခမ်းအနားသို့
ရွှေတန့်တစ်၊ကွန်းရွာ၊နှောကုန်းကျေးရွာများမှ တောင်သူများခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ
စုစုပေါင်း(၅၂)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment