Monday, August 29, 2016

တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တောင်သူလယ်သမားများတွေ့ဆုံ





မကွေး        ဩဂုတ်     ၂၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်မကွေးတိုင်း တောင်သူလယ်သမားများသမဂ္ဂမှ တောင်သူကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲကို၊ မကွေးမြို့City Starခန်းမ၌ ဩဂုတ်လ ၂၇ ရက်နေ့တွင် ရည်ရွယ်ချက်(၃)ရပ်ဖြင့် ပြုလုပ်ခဲ့သည်။
 ထိုသို့ တွေဆုံရာတွင် ရည်ရွယ်ချက်(၃)ရပ်ဖြစ်သည့်အစိုးရ၊ဌာနဆိုင်ရာများနှင့်တောင်သူလယ်သမားများကြားယုံကြည်မှုတည်ဆောက်နိုင်ရန်၊သိမ်းစီးခံလယ်ယာမြေများမှတ်တမ်းအချက်အလက်များတိကျမှန်ကန်စွာစာရင်းပြုစုနိုင်ရန်နှင့်သိမ်းစီးခံလယ်ယာမြေနှင့်အခြားမြေများပြန်လည်စိစစ်ရေးကော်မတီတွင်တောင်သူလယ်သမား ကိုယ်စားလှယ်များပါဝင်နိုင်သမျှပါဝန်နိုင်ရန်တို့ဖြစ်ကြောင်း၊မကွေးတိုင်းတောင်သူလယ်သမားများသမဂ္ဂမှတာဝန်ရှိသူကပြောသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညိုတက်ရောက် အမှာစကားပြောကြားရာတွင် တောင်သူလယ်သမားတွေအတွက်ကြိုးစားပြီးဆောင်ရွက်ပေးနေပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးနေသော်လဲ အားလုံးရာနှုန်းပြည့် ဖြေရှင်းမပေးနိုင်တဲ့အတွက်  ကျွန်တော်စိတ်မကောင်းပါဘူး၊ဒီလိုမျိုးပြောရလို့ဝမ်းနည်းပါကြောင်း၊ ဘဂျက်အခက်အခဲတွေ၊ငွေဖောင်းပွမှုမဖြစ်အောင်ထိမ်းချုပ်ရတာတွေ၊ အခက်အခဲအကန့်အသက်တွေရှိကြောင်း ဘယ်လိုပင် အကန့်အသတ်တွေရှိသော်ငြားလဲ၊ကျွန်တော်တို့ကိုယ်စွမ်း၊ဥာဏ်စွမ်းရှိသမျှ၊ တောင်သူလယ်သမားအကြိုးစီးပွားကို ဆတက်ထမ်းပိုးသယ်ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းတောင်သူလယ်သမားများသမဂ္ဂအကြံပေးဦးအောင်ကျော်ကျော်မှမြန်မာနိုင်ငံ လူ့အဖွဲ့အစည်းတွင်ယုံကြည်မှုများ ပျောက်ဆုံးနေကြောင်း၊ ဒါ့ကြောင့် တောင်သူလယ်သမားများ၏လယ်ယာမြေပြသနာများကို ဖြေရှင်းရာတွင် အစိုးရ၊ဌာနဆိုင်ရာနှင့်တောင်သူများကြားတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ယုံကြည်မှုခိုင်မာစွာ တည်ဆောက်ရန်လိုအပ်ကြောင်းပြောကြားသည်။
 မကွေးတိုင်းတွင်တောင်သူလယ်သမားများ၏ သိမ်းစီးခံလယ်ယာမြေများနှင့် ပတ်သက်ပြီး ပြန်လည်မစွန့်လွှတ်နိုင်သည့်လယ်ယာမြေများအားထိုက်တန်သည့်လျှော်ကြေးရရှိရန်၊အသုံးမပြုပဲစွန့်လွှတ်သင့်သည့် မြေများအားစွန့်လွတ်၍ မူလပိုင်ရှင်များပြန်လည်ရရှိရန်တို့ကိုယခုကဲ့သို့တွေ့ဆုံဆွေးနွေးပွဲများမှညှိနှိုင်းအဖြေရှာ၍အောင်မြင်မှုများရရန် မျှော်လင့်ကြောင်း မကွေးတိုင်းဒေသကြီး တောင်သူလယ်သမားများသမဂ္ဂအဖွဲ့ဝင် ဆင်ပေါင်ဝဲမြို့နယ်ကိုယ်စားလှယ်ဦးပေါ်ဦးကပြောသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်းဒေသကြီးလွှတ်တောက်ကိုယ်စားလှယ်များ၊တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး(၅)ခရိုင်မှတောင်သူကိုယ်စားလှယ်များ အပါအဝင် အင်အား (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ဩဂုတ်လ(၂၈)ရက်နေ့အထိ နှစ်ရက်ကြာဆွေးနွေးခဲ့ပြီး အကျိုး ရလဒ်များအား ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment