Monday, August 15, 2016

မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေ သိန်း ၈၄၀ကျော် ပေးအပ်


မကွေး         သြဂုတ်      ၁၂

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ ၀န်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားကို မကွေးမြို့၊မြို့တော်ခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ရာ တိုင်းဒေသ ကြီးအတွင်းရှိ ဘိုးဘွားရိပ်သာ(၆)ခု ၊ လူငယ်ဖွံ့ဖြိုရေး ပရဟိတဂေဟာ(၉)ခု၊ မျက်မမြင်ကျောင်(၁)ကျောင်း နှင့် ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်း(၅၂)ကျောင်းအတွက် ငွေကျပ်(၈၄၀၅၅၀၀၀)ကျပ် အား လူမှုဝန်ထမ်းဦးစီးဌာန အစီအစဉ်ဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံပပေးအပ်ပွဲ၌ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုမှ အဖွင့်အမှာစကားပြောကြား ရာတွင် “ မိမိတို့ရဲ့ မွန်မြတ်တဲ့ပရဟိတစိတ်အခြေခံပြီး ရပ်ရွာရဲ့ အားကိုယူကာ ဆောင်ရွက်နေကြတဲ့ ဘိုးဘွားရိပ်သာများ ၊ မျက်မမြင်ကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအနေနဲ့ ပရဟိတလုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေဖို့ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ ကြိုးပမ်ဆောင်ရွက်ကြပါ ” ဟု တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများမှ မကွေးခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များသို့ ထောက်ပံ့ငွေ ( ၄၄၆၃၁၀၀၀ ) ကျပ် ၊ မင်းဘူးခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်း များသို့ ထောက်ပံ့ငွေ ( ၆၀၀၀၀၀၀ ) ကျပ် ၊ ပခုက္ကူခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ ( ၂၁၆၉၉၀၀၀ ) ကျပ် ၊ သရက်ခရိုင်အတွင်းရှိ စေတနာ့ ၀န်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ ( ၇၄၆၀၀၀၀ ) ကျပ် ၊ ဂန့်ေ၈ါခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ ( ၄၂၆၅၀၀၀ ) ကျပ် တို့အား ထောက်ပံ့ပေးအပ်ရာ ရေစကြိုမြို့၊ ဒေါ်ဦးဘိုးဘွားရိပ်သာ ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမြင့်သိန်း က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကိုယ်စား ကျေးဇူးတင် စကားပြောကြားသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာန မှ စီစဉ် ဆောင်ရွက်သည့် ထောက်ပံပငွေပေးအပ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် အစိုးရ အဖွဲ့ဝင်များ ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ၊ ဒုဥက္ကဌ နှင့် ဌာနဆိုင်ရာများ ၊ လူမှုဝန်ထမ်းဦးစီးဌာန ၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ခင်နွဲ့နှင့်ဝန်ထမ်းများ ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ၊ ဖိတ်ကြားထားသူများ အင်အား (၃၅၀)ဦးခန့်တက်ရောက်ခဲ့ ကြောင်း  သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment