Monday, August 15, 2016

ပွင့်ဖြူမြို့နယ်ရေဘေးသင့်ပြည်သူများ မြစ်ရေကျဆင်းသွားသော်လည်း ကျေးရွာနေအိမ်များသို့ ပြောင်းရွှေ့နေထိုင်ရန် အခက်အခဲရှိ ပွင့်ဖြူ သြဂုတ် ၁၀


မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်၏အရှေ့ဘက်တွင် ဖြတ်သန်းစီးဆင်းသည့် ဧရာဝတီမြစ်ရေလျှံတက်မှုကြောင့် ကျေးရွာပေါင်း (၇၁)ရွာ၊အိမ်ထောင်စုပေါင်း(၁၅၂၂)စု၊ကျွဲ/နွား(၃၇၉၈)ကောင်၊ကြက်/ဘဲ(၂၅၀)ကောင်၊၀က်(၆၉၀) ကောင်၊ သိုး/ဆိတ်(၁၄၅၃)ကောင်တို့အား ရေလွတ်ရာသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိရာ မြစ်ရေကျဆင်း သွားသော်လည်း ကျေးရွာအတွင်းရှိ လမ်းများနှင့် လူနေအိမ်များတွင် ရွှံ့နွံ့နှစ်များတင်ကျန်ခဲ့သဖြင့် ပြန်လည်း ပြောင်းရွှေ့နေထိုင်ရန်အခက်အခဲဖြစ်လျက်ရှိသည်။
`` ကျွန်မတို့ရွာကို သွားတဲ့လမ်းကရိုးချောင်းဖြတ်သွားရမှာ၊လမ်းမှာက ရွှံဗွက်တွေနဲ့၊အိမ်ပြန်ရောက်လည်း နေထိုင်ဖို့က အခက်အခဲရှိတယ်၊ကျွဲ/နွားတွေထားဖို့ကလည်း နေရာမရှိဘူး၊အဓိကတော့ လူစာထက် တိရစ္ဆာန် အစားအစာရှာဖို့ခက်တယ်၊သောက်သုံးရေလည်းမသန့်တော့ ကျန်းမာရေးထိခိုက်မှာလည်း စိုးရတယ်၊ဒါကြောင့် အခုနေတဲ့ ကုန်းဇောင်း သံကိုင်းလမ်းမှာပဲ ဆက်နေရဦးမယ်´´ ဟု ဘီးဇပ်ခုံကျေးရွာဒေသခံပြည်သူတစ်ဦးမှ ပြောသည်။
ပွင့်ဖြူမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ၊တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် စေတနာရှင်အလှူရှင်များမှ ဆန်၊ဆီ၊ခေါက်ဆွဲခြောက်၊ရေသန့်ဘူးများနှင့် ဆေးဝါးများ လာရောက်ထောက်ပံ့ပေးလျက်ရှိသည်။ဧရာဝတီမြစ်ရေ၀င်ရောက်မှုကြောင့် စာသင်ကျောင်းပေါင်း(၃၂)ကျောင်း ယာယီပိတ်ထားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment