မကွေး သြဂုတ်
၁၈
မကွေးတိုင်းဒေသကြီး၊
သမဝါယမသင်တန်းကျောင်းတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုသင်တန်းစာရင်းရေး၊
စာရင်းကိုင်နှင့် စာရင်းကိုင်ကွန်ပျူတာသင်တန်းအမှတ်စဉ် (၂/၂၀၁၆-၂၀၁၇)အား (၁၈-၈-၂၀၁၆)
ရက်နေ့မှ (၁-၁၂-၂၀၁၆) ရက်နေ့ထိသင်တန်းသား၊ သင်တန်းသူ (၅၃) ဦးဖြင့်ဖွင့်လှစ်သွားမည်ဖြစ်ရာအဆိုပါ
သင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့ နံနက် (၀၉း၃၀) နာရီအချိန်ကသမဝါယမသင်တန်းကျောင်းခန်းမ၌
ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့် အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၊
သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးဦးနိုင်အောင်မှ သင်တန်းဖွင့် အမှာစကားပြောကြားရာတွင်အချိန်ကာလအားဖြင့်(၃)လကျော်ကြာမြင့်မှာဖြစ်ပြီးစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ
သမ၀ါယမဦးစီးဌာန၏ သမ၀ါယမကဏ္ဍမှ စာရင်းရေး၊ စာရင်းကိုင်ပညာ ၊သမ၀ါယမ စာရင်းကိုင်ပညာ၊အခြေခံကွန်ပျူတာပညာနှင့်စာရင်းကိုင်
ကွန်ပျူတာပညာရပ်များကိုလူငယ် လူရွယ်များအားသင်ကြားပို့ချခြင်းဖြင့် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်စွာအသုံးချနိုင်ပြီးနိုင်ငံတော်၏
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုစွမ်းဆောင်ပေးနိုင်ကြစေရန်
ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊သမ၀ါယမဦးစီးဌာန လက်အောက်ရှိ သမ၀ါယမသင်တန်းကျောင်း(၄)ကျောင်းလုံးတွင်
တစ်ပြိုင်နက်ထဲဖွင့်လှစ်ပေးသွားမှာဖြစ်ပြီးလက်တွေ့လုပ်ငန်းထဲမှာမသိမဖြစ် အရေးကြီးတဲ့
သင်ခန်းစာတွေကိုအဓိကအလးထားသင်ကြားပေးသွားမှာဖြစ်ကြောင်း၊တန်ဘိုးရှိပြီးမိမိအတွက်အကျိုးရှိမဲ့
ပညာရပ်တွေကိုသင်တန်းကြေးသက်သာစွာဖြင့် သင်ကြားခွင့်ရအောင်ဆောင်ရွက်ပေးထားလို့ သင်ကြားပို့ချလိုက်တဲ့
သင်ခန်းစာများကိုတတ်ကျွမ်းသောအမျိုးကောင်းသား၊အမျိုးကောင်းသမီးများဖြစ်အောင် ကြိုးစားသွားကြရန်
တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင်
Book-Keeping and Accountancy (I) & (II) ၊ Co-operative Accountancy ၊
Computer Basic Course & Computerized Accounting စသည့် ဘာသာရပ်များကိုသမဝါယမသင်တန်းကျောင်းမှ
ကျောင်းအုပ်၊ အကြီးတန်းနည်းပြနှင့် နည်းပြဆရာမများမှ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီးသင်တန်းသားများ၏
အရည်အချင်းကိုသက်ဆိုင်ရာဘာသာရပ်အလိုက် အပတ်စဉ် အရည်အချင်းစစ်စာမေးပွဲ (Tutorial) နှင့်
(Final Exam)များ ပြုလုပ်ပေးပြီးသတ်မှတ်အရည်အချင်းနှင့် ပြည့်မှီသူများကိုစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊
သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အသိအမှတ်ပြု လက်မှတ်ရေးထိုးပေးမည်ဖြစ်ကြောင်းနှင့်သင်တန်းသို့
သမဝါယမဦးစီးဌာနအဆင့်ဆင့်ရှိဝန်ထမ်းများ၊ သမဝါယမအသင်းအဆင့်ဆင့်ရှိတာဝန်ရှိပုဂ္ဂိုလ်များ၊
သမဝါယမသင်တန်းကျောင်းမှ ကျောင်းအုပ်၊ ဆရာမများနှင့် သင်တန်းသား/သင်တန်းသူ(၅၃) ဦးတို့
တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment