မကွေး သြဂုတ်
၂၀
ပြည်ထောင်စုတရားလွှတ်တော်ချုပ် နေပြည်တော်တွင် ကျင်းပခဲ့သော ပြည်ထောင်စု
တရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များခရိုင်တရားရုံးများ၏(၁၁)ကြိမ်မြောက်
လုပ်ငန်းညှိနှိုင်း အစည်းအဝေးအတွေ့အကြုံထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို မကွေး တိုင်းဒေသကြီးတရားလွှတ်တော်
အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီကကျင်းပသည်။
အဆိုပါရှင်းလင်းပွဲတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်
ဦးစိန်ထွန်း က ပြည်ထောင်စုတရားသူကြီးချုပ်နှင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏
မှာကြားချက်များကိုထပ်ဆင့်ရှင်းလင်းဆွေးနွေးပြီးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး
ဒေါ်နု ယဉ်က တရားစီရင်ရေးဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်၍လည်းကောင်း၊တိုင်းဒေသကြီးတရားရေးဦးစီးမှူး
ဦးအယ်လ်၊တိန်းဘောမ် က တရားရုံးစီမံရေးရာထောက်ပံ့နှင့်ငွေစာရင်းရေးရာလုပ်ငန်းကိစ္စ ရပ်များ
နှင့်ပတ်သက်၍လည်းကောင်းဆွေးနွေးခဲ့ကြသည်။
အတွေ့အကြုံရှင်းလင်းပွဲသို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှ
တရားရေးအရာရှိများ ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ် တရားရုံးများမှ တရားသူကြီးများ
စုစုပေါင်း(၆၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment