Tuesday, August 2, 2016

ပွင့်ဖြူမြို့နယ်တွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ


ပွင့်ဖြူ       သြဂုတ်       ၁
မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်တွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို သြဂုတ်လ(၁)ရက်နေ့ နံနက်(၉)နာရီက ပွင့်ဖြူ အ.ထ.ကကျောင်း ခန်းမတွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ပုမှ အဖွင့်အမှာစကားပြောကြားပြီး၊ကျောင်းအုပ်ဆရာကြီး ဦးသိန်းဌေးမှ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးကျင်းပရခြင်းအကြောင်းနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အတွက် အခြေခံပညာ အထက်တန်းကျောင်း၊ပွင့်ဖြူမြို့၏ မိဘဆရာအသင်း ပြန်လည်ဖွဲ့စည်းခဲ့သည်။
ဆက်လက်၍ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သောကျောင်းသား/ကျောင်းသူများကို ပညာရည်ချွန်ဆုများချီးမြှင့်ပေးအပ်ပွဲကိုကျင်းပရာ မြို့နယ်ပညာရေးမှူး ဒေါ်ပုနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူလေးများက သီဆိုကပြဖျော်ဖြေခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
အဆိုပါဆုပေးပွဲအခမ်းအနားတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများ၊ အတန်းအလိုက် ပထမ၊ဒုတိယ၊တတိယအဆင့်များဖြင့်အောင်မြင်ခဲ့သူများနှင့် အဋ္ဌမတန်းတွင် (A) အဆင့်ဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူ( ၁၁၂)ဦးအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment