Monday, August 15, 2016

ငဖဲမြို့ ပဒါန်းကျေးရွာတွင် ဘင်္ဂါလီလူမျိုးများတင်ဆောင်လာသည့်ယာဉ်အား ဖမ်းဆီးရ



ငဖဲ      သြဂုတ်         ၁၁
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ငဖဲမြို့နယ်၊ပဒါန်းကျေးရွာအနီးတွင် ဘင်္ဂါလီလူမျိုးများတင်ဆောင်ထား သည့်မော်တော်ယာဉ်(၁)စီအား သြဂုတ်လ(၁၁)ရက်နေ့ နံနက်(၂)နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ သြဂုတ်လ(၁၀)ရက်နေ့ ည(၁၁)နာရီခန့်တွင် အမ်း-မင်းဘူး ကားလမ်းအတိုင်း ဘင်္ဂါလီလူမျိုးများ တင်ဆောင်ထားသည့် မော်တော်ယာဉ်(၁)စီးမှာ ငဖဲမြို့နယ်အတွင်းဖြတ်သန်းသွားလာမည်ဖြစ်ကြောင်း သတင်းရရှိ သဖြင့် ဂုတ်ကြီးရဲကင်းစခန်းမှူး ရဲအုပ်ကျော်မျိုးနှင့်အဖွဲ့မှ ပိတ်ဆို့စောင့်ဆိုင်နေစဉ် 4D/2427 နံပါတ်ပါ CALDINA အဖြူရောင်ယာဉ်တစ်စီးမှာအရှိန်ပြင်းစွာမောင်းနှင်းထွက်ပြေးသွားသဖြင့် ပဒါန်းရဲကင်းစခန်းမှူး ရဲအုပ် လွင်ကိုကိုဦး ထံဖုန်းဖြင့် အကြောင်းကြားခဲ့သည်။
အဆိုပါယာဉ်သည် သြဂုတ်လ(၁၁)ရက်နေ့ နံနက်(၂)နာရီခွဲခန့်တွင် ပဒါန်းရဲကင်းနယ်မြေ စာတတ်ကူ မောင်းတံဂိတ်အနီးတွင် ပဒါန်းရဲကင်းစခန်းမှူး ရဲအုပ်လွင်ကိုကိုဦးနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပိတ်ဆို့ တားဆီး ရပ်တန့်စေပြီးစစ်ဆေးရာ ယာဉ်ပေါ်တွင်ယာဉ်မောင်း မင်းမောင်မောင်ပြုံး(၂၈)နှစ်၊(ဘ)ဦးဝင်းနိုင်၊ယာဉ်ပိုင်ရှင် တင်ထွန်း(၄၆)နှစ်၊(ဘ)ဦးမောင်သော်၊လမ်းပြများဖြစ်သည့် ဦးထိန်း(၅၅)နှစ်၊(ဘ)ဦးအောင်၊ကျော်ထွန်း(ခ)ကံလုံ (၂၈)နှစ်(ဘ) ဦးလုံအောင်တို့နှင့်အတူ ဘင်္ဂါလီလူမျိုး လှချေ(၂၂)နှစ်(ဘ)ဦးဆွေတာဘော်(ဘင်္ဂါလီ/အစ္စလာမ်)စင်္ကြာ ကျေးရွာ၊မင်းပြားမြို့နယ်၊ရခိုင်ပြည်နယ်၊အာဘူလူး(၂၃)နှစ်(ဘ)ဦးအနူလာမန်(ဘင်္ဂါလီ/အစ္စလာမ်) စင်္ကြာ ကျေးရွာ၊ မင်းပြားမြို့နယ်၊ရခိုင်ပြည်နယ်၊တို့အား စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသည့် ယာဉ်မောင်း၊ယာဉ်ပိုင်ရှင်၊လမ်းပြတို့အား ပဒါန်းရဲကင်းစခန်းမှူး ရဲအုပ် လွင်ကိုကိုဦးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ငဖဲမြို့မရဲစခန်းမှ (ပ)၂၈၄/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၆၇အရ အမှုဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိဘင်္ဂါလီလူမျိုး လှချေပါ(၂)ဦးအား ငဖဲမြို့နယ် လ.၀.က မှ၁၉၄၉-ခုနှစ်၊မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ ၆(၃)ဖြင့် ငဖဲမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment