Sunday, August 21, 2016

မိုးစပါးအားကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ


မြို့သစ် သြဂုတ် ၁၉
မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်
တွင် ၂၀၁၆/၂၀၁၇ ခုနှစ် မိုးစပါး စိုက်ပျိုး ရာတွင်တောင်သူအများ လယ်ယာလုပ်သား ရှားပါးမှုပြဿနာကြုံတွေ့မှုမရှိစေရေးမျှော်တွေးမှန်းဆကာ မြို့သစ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန နှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့ ပူးပေါင်း၍
(၁၉/၈/၂၀၁၆)ရက်နေ့ကလယ်ပြင်ကွင်း
မှတ်( ၁၃၀၃ )ဦးပိုင်အမှတ်(၅၁) ၊ တောင်သူ ဦးဇော်ထွန်း၏(၃..၀၀)ဧကတွင်{ဆင်းသုခ}မျိုးကွဲအားကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်ခဲ့သည် ။
အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်း သရုပ်ပြပွဲသို့ မကွေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးသိန်းလွင် နှင့် အဖွဲ့ဝင် များမြို့နယ်ဦးစီးမှူး ဦးကြည်မြင့် နှင့် စိုက်ညှိအဖွဲ့ဝင်များစိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနမှ ဝန်ထမ်းများ
နှင့်စိတ်ပါဝင်စားသူတောင်သူ(၁၀၀)ဦးခန့်တက်ရောက် လေ့လာခဲ့ကြကြောင်းသတင်းရရှိသည်။
----------------------------------
သန်းဝင်းထွန်း(မြို့သစ်)

0 comments:

Post a Comment