ပွင့်ဖြူ သြဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာန၊ရုံးအဆောက်အဦးသစ် ဆောက်လုပ် ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားအား သြဂုတ်လ(၁၂)ရက်နေ့ ညနေ(၃)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဦး၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်စန်း၊တိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲမှူးကြီး ကိုကိုအောင်၊တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်၊ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ခရိုင်မီးသတ်ဦးစီးအရာရှိ ဦးထွန်းထွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေတို့မှ မင်္ဂလာပန္နက်အား အဆောက်အဦး ဆောက်လုပ်မည့် နေရာများတွင် ရိုက်နှက်ပေးခဲ့သည်။
အဆိုပါ မီးသတ်တပ်ဖွဲ့စခန်းအား လင်းမြတ်မင်း ကုမ္ပဏီမှ အလျား(၆၅)ပေ၊အနံ(၅၂)ပေ၊အမြင့်(၂၆)ပေ ရှိ RC နှစ်ထပ်အဆောက်အဦးအား ခွင့်ပြုငွေကျပ် (၁၆၆၄)သိန်းအကုန်အကျခံတာဝန်ယူ ဆောာက်လုပ်သွား မည်ဖြစ် ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment