ပွင့်ဖြူ သြဂုတ် ၂၀
မင်းဘူးခရိုင်၊ပွင့်ဖြူမြို့ပေါ် ရပ်ကွက်များအတွင်းရှိလမ်းများ
မိုးတွင်းကာလ သန့်ရှင်းသာယာလှပရေးနှင့် ခြင်းအန္တရယ်ကင်းဝေးစေပြီး မြို့ပေါ်နေပြည်သူများကျန်းမာရေး
ညီညွတ်စေရန်အတွက် ရေနှုတ်မြောင်းများ ကောင်းမွန်စေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ
မူလမြေသားမြောင်းမှ အုတ်စီရေနှုတ်မြောင်းများအဖြစ် အဆင့်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်စည်းပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ
ဦးမျိုးဝင်း နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးဗိုလ်ဌေး တို့မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေ
ကျပ်(၉၆)သိန်းဖြင့် ဆောင်ရွက်သော သန့်စင်လမ်းဘေး ရေနှုတ်မြောင်း အရှည်(၅၁၀)ပေ၊အကျယ်(၃)ပေ၊
အနက်(၃) နှင့် အဖွဲ့ရန်ပုံငွေကျပ် (၈၉)သိန်းဖြင့် ဆောင်ရွက်သော မြို့ပတ်လမ်း အရှည်(၆၃၀)ပေ၊အကျယ်(၃)ပေ၊
အနက်(၃) ပေ အုတ်စီရေနှုတ်မြောင်းများ ဆောင်ရွက်နေမှုနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ
လမ်းဘေး ၀ဲ/ယာရေ နှုတ်မြောင်းများ သန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment