Wednesday, August 31, 2016

ရေချွေတာသုံးစွဲသည့် စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး သရုပ်ပြသ


မကွေး     သြဂုတ်     ၂၉
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ချောင်းဖြူကျေးရွာတွင် လက်တွေ့လုပ်ဆောင်ခြင်း ဖြင့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုနားလည်ပြီး သီးနှံများ၏ အထွက်နှုန်း ပိုမိုတိုးတက်လာစေရန်နှင့် စိုက်ပျိုးရေး နည်းပညာများကို တောင်သူအချင်းချင်းမှ အဆင့်ဆင့် ပြန့်ပွားသွားစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့်ဂျပန်အပြည်ပြည်ဆိုင်ရာ အဖွဲ့အအစည်း(JICA)တို့ ပူးပေါင်းဆောင်ရွက်သည့် အပူပိုင်းဇုံဒေသအတွင်း ရေချွေတာသုံးစွဲသည့် စိုက်ပျိုးရေးနည်းပညာပေး တောင်သူသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါ ကျေးရွာ စိုက်ကွင်းအတွင်း ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်မှ တောင်သူ(၂၁)ဦးနှင့် ၀န်ထမ်း(၇)ဦးတို့ တက်ရောက်လေ့လာခဲ့ကြသည်။
သရုပ်ပြပွဲတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်နှင့်မကွေးခရိုင်ဦးစီးမှူး ဦးသိန်းလွင်တို့က အပူပိုင်းဇုံဒေသအတွင်း ရေချွေတာသုံးစွဲသည့် စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ နယ်မြေခံတောင်သူများနှင့် လေ့လာရန် လာရောက်ကြသည့် တောင်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပိုမိုနားလည်သိရှိနိုင်စေရန် ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် ချောင်းဖြူကျေးရွာ ဒေသခံတောင်သူများက မိမိတို့ စိုက်ကွင်းများအတွင်း စိုက်ပျိုးထားသော သီနှံများအလိုက် ရေဖြန်းစနစ်(Sprinkler)နှင့် အစက်ချစနစ်(Drip) နည်းညာ များဖြင့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများအား လိုက်လံရှင်းလင်းပြသခဲ့ရာ ရေဖြန်းစနစ် (Sprinkler)နည်းပညာဖြင့် စိုက်ပျိုးထားသည့် ကညွတ်စိုက်ခင်း၊ ကန်စွန်းစိုက်ခင်း၊ ရေမွှေးပန်း စိုက်ခင်းများနှင့် ရေအစက်ချနည်းပညာဖြင့် စိုက်ပျိုးထားသည့် ငရုပ်စိုက်ခင်း၊ သပြေပန်းစိုက်ခင်း၊ စပျစ်စိုက်ခင်းများအတွင်း လေ့လာခဲ့ကြပြီး ဒေသခံတောင်သူများနှင့် ညောင်ဦးမြို့နယ်မှ လေ့လာ ရန် လာရောက်ကြသည့် တောင်သူများ စိုက်ခင်းအတွင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု နည်းပညာများကို တောင်သူအချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ်မှ စိုက်ပျိုးနည်းပညာများ လေ့လာရန်လာ ရောက်သူ တောင်သူ ဦးခင်မောင်စန်းက အပူပိုင်းဇုံ ဒေသအတွင်း ရေချွေတာသုံးစွဲသည့် စိုက်ပျိုးရေးနည်းပညာများကို ဒေသတစ်ခုနှင့်တစ်ခု အပြန်လှန်ဆွေးနွေးခွင့်ရရှိအောင် စီစဉ်ပေးတဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ အဖွဲ့အအစည်း(JICA)နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ကို အထူးကျေးဇူး တင်ရှိကြောင်း၊ ကျွန်တော်တို့ဒေသမှာ စိုက်ပျိုးမှုမရှိ သေးတဲ့ ရေမွားဖြန်းစနစ်ဖြင့် စိုက်ပျိုး အောင်မြင်မှု ရရှိနေတဲ့ ကညွှတ် စိုက်ပျိုးနည်းပညာ နှင့်အခြားသီးနှံများရဲ့ စိုက်ပျိုးမှု၊ အောင်မြင်မှု များကို ဆွေးနွေး လေ့လာ သိရှိခွင့် ရရှိခဲ့ကြောင်း၊  မကွေးဒေသမှ တောင်သူများကလည်း လာမည့် စက်တင်ဘာ ၁၆ ရက်နေ့မှာ ကျွန်တော်တို့  ညောင်ဦးမြို့နယ်သို့ လာရောက်ကာ အပြန်အလှန် လေ့လာခွင့် ရရှိအောင် စီစဉ်ထားသည့်အတွက် တောင်သူများရဲ့ အောင်မြင်မှုရရှိတဲ့ သရုပ်ပြပွဲ တစ်ပွဲ ဖြစ်ကြောင်း ပြောသည်။
အဆိုပါ တောင်သူသရုပ်ပြပွဲသို့ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-တိုင်းဒေ သကြီးဦးစီးမှူး ဦးမြင့်စိန်၊ ခရိုင်/မြို့နယ်ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ လေ့လာရန် လာရောက်ကြ သည့် ညောင်ဦးမြို့နယ်မှ တောင်သူများနှင့်မကွေးမြို့နယ် ချောင်းဖြူကျေးရွာမှ ဒေသခံ တောင်သူ များ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment