Tuesday, August 23, 2016

မင်းဘူးမြို့နယ်အတွင်း နှမ်းစိုက်တောင်သူများ နှမ်းအရနည်း




မင်းဘူး     သြဂုတ်     ၂၃
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်းရှိကျေးရွာများတွင် မိုးသီးနှံများ ရိတ်သိမ်းချိန် ကာလသို့ရောက်ရှိခဲ့ပြီး နှမ်းများစတင်ရိတ်သိမ်းလျှက်ရှိရာ ယခုနှစ်တွင်နှမ်းပင်များ တစ်လသားနီးပါ ကာလ၌ မိုးများခဲ့မှုကြောင့် နှမ်းပင်များဖြက်သိမ်းပြန်လည်စိုက်ပျိုးခဲ့ရမှုရှိခဲ့ပြီး ယခုအခါနှမ်းထွက် နှုန်းမှာလည်း နည်းသည်ဟု တောင်သူဦးကြီးများထံမှ သိရှိရသည်။
          "တောင်သူတွေနှမ်းအရနည်းကြတယ် မိုးများခဲ့မှုကြောင့် နှမ်းပြန်လည်စိုက်ပျိုးခဲ့ရလို့ စိုက်ပျိုးစရိတ် လည်းများခဲ့ရတယ် အချို့တောင်သူတွေက နှမ်းပင်တွေပျက်တော့  ပဲတီစိမ်းစိုက်ခဲ့တဲ့ တောင်သူတွေက တော့ အဆင်ပြေနိုင်တယ်ဟု" နန်းတော်ကုန်းကျေးရွာမှ တောင်သူဦးမြအေးက ပြောပါသည်။
          "နှမ်းစတင်ရိတ်သိမ်းချိန်ဆိုတော့ နေ့စားအလုပ်သမားခေါ်ရတာမခက်ခဲသေးဘူး နေ့စားအလုပ် သမားတစ်ဦးကို နံနက်ပိုင်းတစ်ပိုင်းကို ငှားရမ်းခ ကျပ်(၂၀၀၀)၊ တစ်နေကုန်ဆိုရင် ကျပ်(၄၀၀၀)ထိ ပေးရတယ်၊ နှမ်းရိတ်တဲ့သူများလာရင်တော့ တစ်နေကုန်နေ့စားခကျပ်(၅၀၀၀)ထိပေးရကြောင်း ၊ နှမ်း ပြန်လည်ရောင်တဲ့အခါမှာလည်း ကုန်းသည်ပွဲစားတွေက နှမ်းမသန့်ဘူးဆိုပြီး အမျိုးမျိုးဈေးနှိမ်ဝယ်ယူ ကြကြောင်း၊ ယခုကဲ့သို့ သီနှံအထွက်မကောင်းသည့် နှစ်များတွင် တောင်သူများအတွက် တွက်ချေမကိုက် ၊အခြားသီးညှပ်စိုက်ပျိုးသူတွေကတော့ တွက်ချေကိုက်မယ်။ နှမ်းစိုက်တောင်သူများမှာ အရင်းအနှီးများပြီး မိုးလေ၀သမှန်နေမှာသာ နှမ်းအရများတယ်ဟု" ဇီးဖြူကုန်းကျေးရွာမှ တောင်သူတစ်ဦးက ပြောပါသည်။
          မကွေးတိုင်းဒေသကြီးသည် မြန်မာပြည်၏ ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်ရလောက်အောင် ဆီထွက်သီးနှံများစိုက်ပျိုကြသော်လည် ယခင်ကနှမ်းကိုကြိတ်၍ စားသုံးဆီးအတွက်သာ အဓိကထားပြီး ပိုလျှံမှုကိုသာ ရောင်ချကြသည်။ ယခုနှစ်များတွင် စိုက်ပျိုးစရိတ်ကုန်ကျမှုများခြင်းကြောင်း ဆီးစား မချန်နိုင်ဘဲရောင်ချပြီး နောက်ပိုင်းသီနှံစိုက်ပျိုးရေးအတွက် ပြန်လည်ရင်းနှီးရသည်။ နွေနှမ်းမှာလည် အယ်လ်နီညို အပူလှိုင်းဒက်ကြောင့် ဖြစ်ထွန်းအောင်မြင်မှုနည်းပါခဲ့ကြောင်း သိရသည်။
ဖိုးပြည့်(မင်းဘူး)

0 comments:

Post a Comment