Monday, August 15, 2016

မကွေးဟိုတယ်၌ ပညာရေးဆိုင်ရာ ဟောပြောပွဲကျင်းပ


မကွေး       သြဂုတ်      ၁၃
မကွေးဟော်တယ်၌ (National Network For Education Reform) မှဦးဆောင်ကျင်းပသည့် ပညာရေးဆိုင်ရာ ဟောပြောပွဲကို သြဂုတ်လ(၁၃)ရက်နေ့ နံနက်၉ နာရီအချိန်က ကျင်းပခဲ့ရာ စာရေးဆရာ ဦးခင်မောင်ကြင် ၊ ဒေါက်တာသိန်းလွင် နှင့် မသန်းစွမ်းကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေး လှုပ်ရှားမှုကော်မတီ တွဲဘက်အတွင်းရေးမှူး ကိုရဲဝင်း တို့ မှ ဟောပြောခဲ့ပြီး စိတ်ပါဝင်စားသူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် အခြေခံပညာဦးစီး(၂) ညွှန်ကြားရေးမှူး(ငြိမ်း) ဆရာကြီးဦးလှအောင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးပညာရေးကောလိပ်၊ကထိက(ငြိမ်း) စာရေးဆရာဦးခင်မောင်ကြင် မှ " ပညာရေးဖွံ့ဖြိုးတိုးတက်ရေးတွင် သင်ရိုးညွှန်တမ်းအခန်းကဏ္ဍ " ခေါင်းစဉ် ဖြင့်လည်ကောင်း ၊ ဒေါက်တာသိန်းလွင်မှ  " လက်ရှိ နိုင်ငံရေး အခြေအနေအောက်က ပညာရေးပြောင်းလဲမှုကိုသုံးသပ်ခြင်း" ခေါင်းစဉ် ဖြင့်လည်ကောင်း ၊ မသန်းစွမ်း ကလေးများအားလုံးပညာသင်ယူခွင့်ရရှိရေးလှုပ်ရှားမှုကော်မတီ တွဲဘက်အတွင်းရေးမှူး(၁) ကိုရဲဝင်း မှ "၂၀၁၆-၂၀၁၇ပညာသင်နှစ်တွင် ကျောင်းအပ်နှံခွင့်ငြင်းပယ် ခံရသော မသန်းစွမ်းကလေးငယ်များ နှင့် ကျောင်းတွင်တွေ့ကြုံရသည့်အခတ်အခဲများစစ်တမ်း" ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောမှုများ ပြုလုပ် ခဲ့သည်။
" အခြေခံပညာဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် သင်ရိုးညွှန်းတမ်းအကောင်အထည်ဖော်မှုဟာ ကောင်းမွန် မှန်ကန်ဖို့အရေးကြီးပါတယ် ။ သင်ရိုးညွှန်းတမ်းအစိတ်အပိုင်း(၄)ခုဖြစ်တဲ့ ရည်မှန်းချက်၊ အကြောင်းအရာ အချက်အလက် ၊ သင်ပြနည်းများ ၊ အကဲဖြတ်စစ်ဆေးခြင်း ဆိုတဲ့အပိုင်းတွေဟာ တစ်ခုနဲ့တစ်ခု အချိတ် အဆက်ရှိရှိ အပြန်အလှန် အမှီသဟဲပြု၊ အကျိုးပြုနေဖို့ လိုပါတယ် ´´ ဟု ဆရာဦးခင်မောင်ကြင် က ပြောသည်။
မြန်မာနိုင်ငံတွင်လူဦးရေ(၂.၃)သန်းသည်မသန်းစွမ်းသူများဖြစ်ကာ ယင်းမသန်စွမ်းထဲများထဲမှ တစ်ဝက်ကျော်(တစ်သန်းကျော်)သည် ပညာမတက်သူများဖြစ်ကြောင်း ၊ ရေရှည်တွင် မသန်းစွမ်းသူများ ပညာသင်ယူခွင့်မရရှိ၍ ပညာမတက်လျှင် မိသားစု နှင့် အစိုးရကိုမှီခိုရမည်ဖြစ်ကာ နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်အမြစ်ကို ထိခိုက်စေနိုင်ကြောင်း ၊ မသန်းစွမ်းသူများ ပညာသင်ယူခွင့်ရပြီး အလယ်တန်း အဆင့် ရောက်သည်ဆိုလျှင်ပင် ၄င်းတို့၏ တစ်စုံတစ်ရာလုပ်အားဖြင့် နိုင်ငံအတွက်၊မိသားစုအတွက် လိုအပ်သည့် လူစွမ်းအားအရင်အမြစ်များကို ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်ယုံကြည်ကြောင်း  မသန်စွမ်းကလေးများအားလုံးပညာသင်ယူခွင့်ရရှိရေးလှုပ်ရှားမှုကော်မတီ တွဲဘက်အတွင်းရေးမှူး ကိုရဲဝင်း ၏ ပြောကြားချက်အရ သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment