Monday, August 15, 2016

မြို့သစ်မြို့နယ် ကြာအင်း ကျေးရွာတွင် ကြိုးဆွဲချ သေဆုံးမှု တစ်ခု ဖြစ်ပွါး


မြို့သစ်----- သြဂုတ်-( ၁၀ )
မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်
နင်းကြမ်းအုပ်စုကြာအင်းကျေးရွာတွင်{၂၀၁၆}
သြဂုတ်လ/၁၀/ရက်နေ့နံနက်(၅း၃၀)နာရီအ
ချိန်ခန့်ကကြိုးဆွဲချသေဆုံးမှုတစ်ခုဖြစ်ပွါးခဲ့
ကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်မှာ {၂၀၁၆ ၊ ခုနှစ် သြဂုတ်(၁၀)ရက်နေ့ နံနက်(၅း၃၀)အချိန်ခန့်က ဒေါ်တင်ဆိုင်( အိမ်ထောင် မရှိ။တစ်ဦးတည်းနေ /အသက်/၅၈နှစ်( ဘ )ဦးစံသိန်း သည် ၄င်း၏ နေအိမ်လှေကားတံခါးအဆင်း(အမြင့်(၅)ပေခန့်ရှိ ခေါင်မိုး တံစက်မိတ်ရှိထုတ်တန်းတွင် ပလပ်စတစ်ကြိုးအဖြူရောင်အား(၃)ချောင်းပူး
ချည်၍ မျက်နှာသုတ်ပုဝါ (အဝါရောင်)
အား မျက်နှာတွင်စည်းလျှက် ကြိုးတန်းလန်းဖြင့်
မြေကြီးပေါ်တွင် ဒူးထောက် အနေအထားဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရပြီး ဒေါ်တင်ဆိုင်တွင်ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိရဘဲ လည်ပင်း၌ကြိုးဒဏ်ရာနှင့်
လျှာထွက် ၊ လက်နှစ်ဖက်ဆုပ်လျှက် သေဆုံးနေ
ကြောင်း ၊ ဒေါ်တင်ဆိုင် သေဆုံးနေမှုအား ၄င်း၏တူမအရင်းဖြစ်သူ / မဝင်းသန်း (သ)၂၅/နှစ် (ဘ)ဦးခင်စိုးမှ ဒေါ်တင်ဆိုင် ၏ နေအိမ်သို့ ထမင်းချက်ရန် ဒန်အိုးယူစဉ် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဒေါ်တင်ဆိုင် မှာလွန်ခဲ့သည့်( ၄)နှစ်ခန့်မှ စတင်၍ ပန်းနာ ရင်ကြပ် ရောဂါ ခံစားနေရပြီးဆေးဝါးကုသသော်လည်းပျောက်ကင်းသက်သာမှုမရှိ၍ရောဂါဝေဒနာအားမခံစားနိုင် ၍ ယခုကဲ့သို့ ကြိုးဆွဲချသေဆုံးခဲ့ခြင်ဖြစ်နိုင်
ကြောင်း သိရှိရသဖြင့် သေဆုံးသူ ဒေါ်တင်ဆိုင် ၏အလောင်းအားရဲဆေးစာဖြင့်မြို့သစ်ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားရှိခဲ့သည် ။
ဖြစ်စဉ် နှင့်ပတ်သက်၍ ဒေါ်တင်ဆိုင်သေဆုံးမှုတွင်ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်စစ်ဆေးဆောင်ရွက်နိုင်ပါရန်မြို့သစ်မြို့နယ်ဝါးကြီးအိုင်ကျေးရွာနယ်မြေစခန်းမှ ရဲအုပ် သိန်းဇော်ကြီး မှ{သြဂုတ်/၁၀/ရက်နေ့ နေ့လည်(၁၁း၁၅)နာရီအချိန်
တရားလိုပြုလုပ် တိုင်တန်း သဖြင့် ဝါးကြီးအိုင် နယ်မြေစခန်းသေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၆)အရအမှုရေးဖွင့်၍စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသတင်းရှိ သည်။။ သန်းဝင်းထွန်း(မြို့သစ်)ပြန်/ဆက်

0 comments:

Post a Comment