Tuesday, August 2, 2016

စေတုတ္တရာ-စလင်းဆက်သွယ်သောလမ်းမှ ပဇောချောင်းတံတား ချောင်းရေတိုက်စား၍ ပျက်စီးပြိုကျ


စေတုတ္တရာ       ဇူလိုင်      ၃၁
မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ်တွင် ဇူလိုင်လ(၃၀)ရက်နေ့ ညနေ(၅)နာရီ အချိန်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် စေတုတ္တရာ-စလင်းကာလမ်း ၊မိုင်တိုင်အမှတ်(၃၂/၂)နှင့် (၃၂/၃) ကြား(မကြီးစုရွာနှင့် ညောင်အိုင်ရွာအကြား) အရှည်ပေ(၄၀)ရှိ ပဇောချောင်းတံတား နှင့် ကတ္တရာလမ်း ပေ(၄၀)တို့သည် ချောင်းရေတိုက်စားကာ ပြိုကျပျက်စီးခဲ့၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ရသည်။
အဆိုပါ တံတားနှင့်လမ်းပျက်စီးသောနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးစောထူးနှင့် အဖွဲ့ဝင်တို့သည် ဇူလိုင်လ(၃၁)ရက်နေ့ နံနက်(၈)နာရီက သွားရောက်၍ ပျက်စီးသွားသော တံတားနှင့် လမ်းတို့အား အမြန်ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment