Tuesday, August 2, 2016

မင်းဘူးမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် လူနှင့်တိရစ္ဆာန်များ ပြောင်းရွှေ့


မင်းဘူး        ဇူလိုင်       ၃၁
မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းပါးအနီးရှိ ရပ်ကွက်/ကျေးရွာတွင် နေထိုင် လျက်ရှိသည့် လူနှင့် တိရစ္ဆာန်များ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် လွတ်ကင်းရာနေရာများသို့ ယာယီ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
မင်းဘူးမြို့တွင် ဇူလိုင်လ(၃၀)ရက်နေ့ ညနေ(၆)နာရီ တိုင်းထွာချက်အရ  မြစ်ရေမြင့်တက်မှုမှာ (၁၆၇၂)စင်တီမီတာရှိပြီး စိုးရိမ်းရေအမှတ်မှာ (၁၇၀၀)စင်တီမီတာဖြစ်သည်။ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် သနပ္ပင်စုကျေးရွာမှ အိမ်ထောင်စု(၁၅၇)စုနှင့် နွား(၃၀၀)ကောင် တို့သည် ၀က်မစွတ်ကျေးရွာနှင့် ရေနံချောင်းမြို့သို့လည်းကောင်း၊စက္ကိန္တဲစေတီ၏ အရှေ့ဘက်နှင့်အနောက်ဘက်ရှိ အမှတ်(၁)ရပ်ကွက်မှ အိမ်ထောင်စု(၅၉)စုမှာ သာစည်ဘုန်းကြီးကျောင်းဝိုင်းနှင့် ဖောင်တော်ဦးကျောင်းသို့ လည်းကောင်း၊ မန်းကျိုး ကျေးရွာနှင့် ထုံးမကြီးကျေးရွာမှ အိမ်ထောင်စု(၄၇)စု၊ နွား(၄၆)ကောင်တို့မှာ အောက်ကျောင်းကျေးရွာ ၊ပေါက်ကုန်းနှင့် ကျောက်ကုန်းကျေးရွာများသို့လည်းကောင်း၊ မင်းဘူးအမှတ်(၄)ရပ်ကွက်မှ အိမ်ထောင်စု (၇၆)စုမှာ မှန်ကင်းကျောင်းတိုက်သို့လည်းကောင်း၊မင်းဘူးအမှတ်(၃)ရပ်ကွက်မှ အိမ်ထောင်စု(၂၆)စု နှင့် နွား(၉)ကောင် တို့မှာ အ.ထ.က(၁)ကျောင်းအားကစားကွင်းတွင်လည်းကောင်း၊ရွာသာကျေးရွာမှ အိမ်ထောင်စု (၅၆)စု၊နွား(၄၁) ကောင်းတို့မှာ ကျေးရွာဘုန်းတော်ကြီးဝန်းအတွင်း၌လည်းကောင်း ယာယီပြောင်းရွှေ့ နေထိုင်လျက် ရှိကြသည်။
ထို့သို့ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စုဝင် မိသားများထံ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်တို့မှ သွားရောက် အားပေး စကားများပြောကြားပြီး နေထိုင်/စားသောက်ရေးနှင့် ကျန်းမာရေးအဆင်ပြေစေရန် ကူညီဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment