Tuesday, August 23, 2016

စည်းကမ်းမလိုက်နာသော မော်တော်ယာဉ်နှင့် ဆိုက်ကယ်များအား စစ်ဆေးအရေးယူ




မင်းဘူး     သြဂုတ်     ၂၂
          မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့တွင် စည်းကမ်းမလိုက်နာသော မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား စစ်ဆေးရေးယူမူများကို မင်းဘူး-စကုကားလမ်းမတစ်လျှောက်တွင် လှည့်လည် ဆောင်ရွက်လျက်ရှိရာသြဂုတ်လ(၂၂)ရက်နေ့က မင်းဘူးဆေးရုံးအနီးတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
          ပညာပေးကာလာကုန်ဆုံးပြီးဖြစ်သောကြောင့် ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးမှုအန္တရာယ် လျော့နည်းစေရန် နှင့်စည်းကမ်းလိုက်နာစွာ မောင်းနှင်စေရေးအတွက် မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များကို စစ်ဆေးဖမ်းဆီးခြင်းဖြစ်ကြောင်းသိရှိရပြီး မော်တော်ဆိုင်ကယ်စီးနင်းသူများမှာ စည်းကမ်းမလိုက်နာမှု အများဆုးံဖြစ်ကြောင်း ၊ ဇွန်လနှင့် ဇူလိုင်လအတွင်းဆိုင်ကယ်(၃)ယောက်စီးနင်းသူ နှင့် ဦးထုပ်မဆောင်းဘဲ စီးနင်းသူ(၆၃၀)ဦးအား မော်တော်ယာဉ်ဥပဒေအရ အမှုဖွင့်ပြီး အရေးယူ ဆောင်ရွက်ခဲ့ကြောင်း၊ သြဂုတ်လအတွင်း၌လည်း ဆက်လက်စစ်ဆေးအရေးယူဆောင်ရွက်လျက် ရှိကြောင်း မင်းဘူးမြို့အမှတ်(၁၈) ယာဉ်ထိန်းတပ်စုထံမှ သိရှိရသည်။
ဖိုးပြည့်(မင်းဘူး)

0 comments:

Post a Comment