Friday, August 19, 2016

လမ်းဘေးရေနှုတ်မြောင်းများရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်




စေတုတ္တရာ သြဂုတ် ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် ရပ်ကွက်များအတွင်းရှိလမ်းများ မိုးတွင်းကာလ သန့်ရှင်းသာယာလှပရေးနှင့်ခြင်အန္တရာယ်ကင်းဝေးပြီးမြို့ပေါ်နေပြည်သူများ
ကျန်းမာရေးညီညွှတ်စေရန်အတွက်မြို့တွင်းလမ်းဘေးရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန် စေရေး လမ်းဘေးဝဲ/ယာရေမြောင်းများတူးဖော်ဆောင်ရွက်လျက်ရှိရာ စေတုတ္တရာမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးသက်နိုင်နှင့်အဖွဲ့ဝင်များမှ ယမန်နေ့ နံနက်ပိုင်းတွင်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှု စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment