Monday, August 15, 2016

ပွင့်ဖြူမြို့နယ် စည်ပင်သာရေးအဖွဲ့နှင့် အဖြူရောင်လက်များအဖွဲ့မှ မီးသင်္ဂြိလ်စက် တည်ဆောက်



ပွင့်ဖြူ       သြဂုတ်         ၁၃
မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် အဖြူရောင်လက်များပရဟိတလူမှုကူညီရေး အသင်း တို့၏ ဦးဆောင်မှုဖြင့် ပွင့်ဖြူမြို့မ သုဿန်တွင် မီးသဂြိုင်္လ်စက်တည်ဆောက်ခြင်းလုပ်ငန်းကို သြဂုတ်လ(၁၂)ရက်နေ့ နံနက်ပိုင်းမှစတင်ဆောင်ရွက်လျက်ရှိသည်။
မီးသဂြိုင်္လ်စက်တည်ဆောက်ခြင်းလုပ်ငန်းအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ၏ကူညီထောက်ပံ့ငွေ ကျပ်(၁၅၀)သိန်းနှင့် မြို့နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များ ထည့်ဝင်လှူဒါန်းငွေဖြင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အဖြူရောင်လက်များ ပရဟိတလူမှုကူညီရေးအသင်းတို့မှ  ဦးဆောင် ကြီးကြပ် တည်ဆောက်လျက်ရှိကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment