်
မကွေး သြဂုတ် ၉
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊နေပြည်တော်ရုံးချုပ်မှ သဘာဝဘေးဆိုင်ရာ အရေးပေါ် ကွင်းဆင်းဆောင်ရွက်ရေး အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင် ဦးဆောင်၍ အဖွဲ့ဝင် တိရစ္ဆာန်ဆေးကု ဆရာဝန်(၂၀)ဦးနှင့် မကွေးတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ ၀င်းမောင် တို့သည် မကွေး၊ချောက်၊ရေနံချောင်း၊စလင်း၊ပွင့်ဖြူ၊မင်းဘူးနှင့်အောင်လံမြို့နယ် ရေဘေးသင့် ဒေသရှိ တိရစ္ဆာန်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် သြဂုတ်လ(၅)ရက်နေ့မှ စတင်၍ အဖွဲ့များခွဲပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းကို မြို့နယ်များရှိ ကယ်ဆယ်ရေးစုရပ်များတွင် ဒေသခံမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်/ မြို့နယ် ဦးစီးမှူးများ၊ ၀န်ထမ်းများ၊ ကြက်ခြေပြာများနှင့် ပူးပေါင်း၍ ရေဘေးသင့် တိရစ္ဆာန်များ၏ စာရင်းကောက်ယူခြင်း၊ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အဖြစ် ကာကွယ်ဆေးထိုးခြင်း၊ကုသပေးခြင်းနှင့်ပညာပေး ဆွေးနွေးဟောပြောခြင်းတို့ ဆောင် ရွက်လျက် ရှိကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment