Monday, August 15, 2016

မင်းဘူးမြို့ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ


မင်းဘူး       သြဂုတ်       ၁၀
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ဧရာဝတီမြစ်ရေမြင့်တက် လာမှုကြောင့် ရေဘေးကင်းလွတ်ရာ ကုန်းမြင့်ပိုင်းနေရာများသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိရာ ရေဘေးရှောင် ပြည်သူများအသုံးပြုလျက်ရှိသည့် ယာယီသောက်သုံးရေလှောင်ကန်များအား ၀မ်းပျက်/၀မ်းလျှောရောဂါကာကွယ် ရန် မင်းဘူးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ တင်ငွေနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကလိုရင်း (Chlorination) ဆေးခတ်ခြင်းများ လိုက်လံဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment