Tuesday, August 2, 2016

မင်းဘူးမြို့တွင် အသဲရောင် အသားဝါဘီကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းများဆောင်ရွက်


မင်းဘူး       ဇူလိုင်    ၃၀
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် အသဲရောင်၊ အသားဝါ ဘီကာကွယ်ဆေးထိုးနှံခြင်းများကို ဇူလိုင်လ(၁၄)ရက်နေ့မှ စတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေးနေလျက်ရှိရာ ဇူလိုင်လ(၂၉)ရက်နေ့တွင် မင်းဘူးမြို့ မန်းရေနံမြေအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ၀န်ထမ်းများအား ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။
အဆိုပါ အသဲရောင်အသားဝါဘီကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းအား ခရိုင်ကျန်းမာရေးမှူး ဒေါက်တာတင်ငွေ၊ မြို့နယ်ကျန်းမာရေးမှူး ဦးသန်းထွန်းအောင်းတို့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ခရိုင်ကူးစက်ရောဂါ ကာကွယ်ရေးဌာနမှ  ကျန်းမာရေးမှူး ဦးလှိုင်မျိုးကျော်ဦးဆောင်၍ အခြေခံကျန်းမာရေးဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်၍ ကာကွယ်ဆေးထိုးနှံပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment