This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, August 30, 2016

လူငယ်သတင်းသမားတွေအနေနဲ့ သတင်းအချက်အလက်နည်းပညာတွေကို အသုံးချပြီး သတင်းရေးသားနိုင်ဖို့ ဆွေးနွေး


(MCN News) မိုးမခ ပြန်လည်ကူးယူဖော်ပြ၊ သြဂုတ် ၃၁၊ ၂၀၁၆

မျိုးဆက်သစ် လူငယ်သတင်းသမားတွေအနေနဲ့ သတင်းအချက်အလက်နည်းပညာတွေကို အသုံးချပြီး သတင်းရေးသားနိုင်ဖို့ ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းကို MCN သတင်းထောက် နေမင်းခ ကပေးပို့ထားပါတယ်။

မီဒီယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ လူငယ်သတင်းသမားတွေအနေနဲ့ သတင်းအချက်အလက်နည်းပညာတွေ  အသုံးပြုမှု နည်းပါးနေတာကြောင့် အွန်လိုင်းကနေ အလွယ်တကူ ရရှိနိုင်တဲ့ အချက်လက်တွေကို အသုံးပြု သတင်းရေးသာမှုတွေ အားနည်းနေတာဖြစ်တယ်လို့ မိုးမခမီဒီယာရဲ့ အယ်ဒီတာ ကိုငြိမ်းချမ်းအေးက ပြောပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ ဖန်တီးရာရုံးမှပြုလုပ်တဲ့ အိုင်တီနည်းပညာအသုံးချ စာနယ်ဇင်းအတတ်ပညာ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ ကိုငြိမ်းချမ်းအေးက အခုလို ပြောဆိုလိုက်တာပါ။

အဲ့ဒီလို အလွယ်တကူ ရရှိနိုင်တဲ့ သတင်းအချက်အလက်နည်းပညာတွေကို အသုံးပြု ရေးသားဖို့ သတင်းသမားတွေအနေနဲ့ လိုအပ်သလို သတင်းရေးသားရာမှာ သတင်းနောက်ခံ အကြောင်းအရာတွေ၊ ခေတ်မှီ နည်းပညာတွေကိုလည်း သိထားသင့်တယ်လို့ ဦးမျိုးသာထက်က ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ပြည်တွင်းက မီဒီယာသမားတွေနဲ့ သတင်းထောက်တွေ အပါအ၀င် ပြည်ပသတင်းဌာနတွေက သတင်းထောက်တွေလည်း တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

#Myanmar_Cable_News ကနေ ကူးယူဖော်ပြပါသည်။

ရေချွေတာသုံးစွဲသည့် စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး သရုပ်ပြသ


မကွေး     သြဂုတ်     ၂၉
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ချောင်းဖြူကျေးရွာတွင် လက်တွေ့လုပ်ဆောင်ခြင်း ဖြင့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုနားလည်ပြီး သီးနှံများ၏ အထွက်နှုန်း ပိုမိုတိုးတက်လာစေရန်နှင့် စိုက်ပျိုးရေး နည်းပညာများကို တောင်သူအချင်းချင်းမှ အဆင့်ဆင့် ပြန့်ပွားသွားစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့်ဂျပန်အပြည်ပြည်ဆိုင်ရာ အဖွဲ့အအစည်း(JICA)တို့ ပူးပေါင်းဆောင်ရွက်သည့် အပူပိုင်းဇုံဒေသအတွင်း ရေချွေတာသုံးစွဲသည့် စိုက်ပျိုးရေးနည်းပညာပေး တောင်သူသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါ ကျေးရွာ စိုက်ကွင်းအတွင်း ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်မှ တောင်သူ(၂၁)ဦးနှင့် ၀န်ထမ်း(၇)ဦးတို့ တက်ရောက်လေ့လာခဲ့ကြသည်။
သရုပ်ပြပွဲတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်နှင့်မကွေးခရိုင်ဦးစီးမှူး ဦးသိန်းလွင်တို့က အပူပိုင်းဇုံဒေသအတွင်း ရေချွေတာသုံးစွဲသည့် စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ နယ်မြေခံတောင်သူများနှင့် လေ့လာရန် လာရောက်ကြသည့် တောင်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပိုမိုနားလည်သိရှိနိုင်စေရန် ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် ချောင်းဖြူကျေးရွာ ဒေသခံတောင်သူများက မိမိတို့ စိုက်ကွင်းများအတွင်း စိုက်ပျိုးထားသော သီနှံများအလိုက် ရေဖြန်းစနစ်(Sprinkler)နှင့် အစက်ချစနစ်(Drip) နည်းညာ များဖြင့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများအား လိုက်လံရှင်းလင်းပြသခဲ့ရာ ရေဖြန်းစနစ် (Sprinkler)နည်းပညာဖြင့် စိုက်ပျိုးထားသည့် ကညွတ်စိုက်ခင်း၊ ကန်စွန်းစိုက်ခင်း၊ ရေမွှေးပန်း စိုက်ခင်းများနှင့် ရေအစက်ချနည်းပညာဖြင့် စိုက်ပျိုးထားသည့် ငရုပ်စိုက်ခင်း၊ သပြေပန်းစိုက်ခင်း၊ စပျစ်စိုက်ခင်းများအတွင်း လေ့လာခဲ့ကြပြီး ဒေသခံတောင်သူများနှင့် ညောင်ဦးမြို့နယ်မှ လေ့လာ ရန် လာရောက်ကြသည့် တောင်သူများ စိုက်ခင်းအတွင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု နည်းပညာများကို တောင်သူအချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ်မှ စိုက်ပျိုးနည်းပညာများ လေ့လာရန်လာ ရောက်သူ တောင်သူ ဦးခင်မောင်စန်းက အပူပိုင်းဇုံ ဒေသအတွင်း ရေချွေတာသုံးစွဲသည့် စိုက်ပျိုးရေးနည်းပညာများကို ဒေသတစ်ခုနှင့်တစ်ခု အပြန်လှန်ဆွေးနွေးခွင့်ရရှိအောင် စီစဉ်ပေးတဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ အဖွဲ့အအစည်း(JICA)နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ကို အထူးကျေးဇူး တင်ရှိကြောင်း၊ ကျွန်တော်တို့ဒေသမှာ စိုက်ပျိုးမှုမရှိ သေးတဲ့ ရေမွားဖြန်းစနစ်ဖြင့် စိုက်ပျိုး အောင်မြင်မှု ရရှိနေတဲ့ ကညွှတ် စိုက်ပျိုးနည်းပညာ နှင့်အခြားသီးနှံများရဲ့ စိုက်ပျိုးမှု၊ အောင်မြင်မှု များကို ဆွေးနွေး လေ့လာ သိရှိခွင့် ရရှိခဲ့ကြောင်း၊  မကွေးဒေသမှ တောင်သူများကလည်း လာမည့် စက်တင်ဘာ ၁၆ ရက်နေ့မှာ ကျွန်တော်တို့  ညောင်ဦးမြို့နယ်သို့ လာရောက်ကာ အပြန်အလှန် လေ့လာခွင့် ရရှိအောင် စီစဉ်ထားသည့်အတွက် တောင်သူများရဲ့ အောင်မြင်မှုရရှိတဲ့ သရုပ်ပြပွဲ တစ်ပွဲ ဖြစ်ကြောင်း ပြောသည်။
အဆိုပါ တောင်သူသရုပ်ပြပွဲသို့ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-တိုင်းဒေ သကြီးဦးစီးမှူး ဦးမြင့်စိန်၊ ခရိုင်/မြို့နယ်ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ လေ့လာရန် လာရောက်ကြ သည့် ညောင်ဦးမြို့နယ်မှ တောင်သူများနှင့်မကွေးမြို့နယ် ချောင်းဖြူကျေးရွာမှ ဒေသခံ တောင်သူ များ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲ မကွေးလွတ်လပ်ရေးကျောက်တိုင် ပန်းခြံတွင် ကျင်းပ


မကွေး     သြဂုတ်      ၃၀
မကွေးမြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံထောက်ခံကြိုဆိုပွဲကို ယနေ့နံနက် ၈ နာရီခွဲက စတင်ကျင်းပရာ လူထုချီတက်ပွဲစုရပ် များဖြစ်သည့် အမှတ်(၁)လမ်းကြောင်းမှ အင်းအား(၂၀၀)ခန့်ဖြင့် မြသလွန်ဘုရားကွင်းစုရပ်မှ မြို့မဈေး၊ ပြည်တော်သာလမ်း၊ ဗိုလ်ချုပ်လမ်း တို့မှ တဆင့်လွတ်လပ်ရေးကျောက်တိုင်ကွင်းသို့ လည်းကောင်း၊ အမှတ်(၂)လမ်းကြောင်းဖြစ်သည့် အေးစေတီ ဘုရားဝင်းအတွင်းစုရပ်မှ အင်အား(၂၅၀)ဦးခန့်ဖြင့် အထက(၁)လမ်း၊  လမ်းငါးသွယ်၊ ဗိုလ်ချုပ်လမ်းတို့မှ တဆင့် ဟောပြောပွဲပြုလုပ်မည့် လွတ်လပ်ရေးကျောက်တိုင်ကွင်းစုရပ်သို့ သွေးဝေလျှံအဖွဲ့၊ သွေးလိုတရအဖွဲ့များနှင့်လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/သူများ၊ နိုင်ငံရေး ပါတီများက (၂၁)ရာစုပင်လုံညီလာခံကို ကြိုဆိုထောက်ခံပါ၏ ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး စီတန်းလှည့်လည် လူထုချီတက် စုပေါင်းလမ်းလျှောက်ကြသည်။
ဆက်လက်၍ မကွေးမြို့ မြင်းစီးဗိုလ်ချုပ် ကြေးရုပ်နှင့် လွတ်လပ်ရေးကျောက်တိုင်စုရပ်တွင် ၉း၅၀ နာရီက ဟောပြောပွဲ ပြုလုပ်ရာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ထောက်ခံ ကြိုဆိုပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ စာရေးဆရာ အသင်းသမဂ္ဂ ဦးနိုင်ယုဝေမှ ငြိမ်းချမ်းရေးကဗျာရွတ်ဆိုခဲ့သည်။
  ထို့နောက် ၈၈မျိုးဆက်သစ်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်ဦးကိုကိုနိုင်မှ ပြည်ထောင်စုစိတ်ဓါတ်ကို ပြသသည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း နှင့် ပတ်သက်၍ လည်းကောင်း၊ ၈၈မျိုးဆက်သစ်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် စာရေးဆရာမ ဒေါ်မြနှင်းသုန်မှ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ရေးနှင့် ပတ်သက်၍ လည်းကောင်း၊ ဦးခင်မောင်ကြင် (မောင်ကြင် သစ်ရာကောက်)မှ ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရန် အခွင့်အခါသစ် ဖြစ်ပြီး အမျိုးသား ညီညွတ်ရေးကျောက်ဆိုင်ကျောက်ခဲလို ခိုင်မြဲအောင် ပြုလုပ်ရန်တို့ကို ဟောပြောခဲ့ကြပြီး  မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အလုပ်အမှုဆောင် ဦးစိုးမိုးမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအား ထောက်ခံကြိုဆိုပွဲသို့ ပါဝင်ကြသည့် ပြည်သူများအား ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

Sunday, August 28, 2016

စလင်းမြို့နယ်၌ ဧရာဝတီမြစ်ရေ၀င်၍ မိုးစပါးပျိုးခင်းပျက်စီးသော တောင်သူများအား မျိုးစပါးထောက်ပံ့ပေးအပ်




စလင်း     သြဂုတ်     ၂၈
          ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စလင်းမြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း(၁၈)အုပ်စုတွင် တောင်သူပေါင်း (၄၂၃)ဦး၏ မိုးစပါးပျိုးခင်း (၁၁၉)ဧက ရေ၀င်နစ်မြုပ်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ရာ  စိုက်ပျိုးရေးဦးစီးဌာန အစီအစဉ်ဖြင့်မိုးစပါးပျိုးခင်းပျက်စီးသော တောင်သူ(၄၂၃)ဦးအား မျိုးစပါး (၆၃၄.၅)တင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ထွေ/အုပ်ရုံး အစည်အဝေးခန်းမ၌ ထောက်ပံ့ ပေးအပ်ခဲ့ပြီး  မိုးစပါးပျိုးခင်းပျက်စီမှုများ အချိန်မီ အမြန်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးပညာပေး ၀န်ထမ်းများက ကွင်းဆင်း ပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

မျိုးစေ့ထုတ်တောင်သူများသို့ ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်




ပခုက္ကူ     သြဂုတ်     ၂၈
          ပခုက္ကူမြို့နယ်တွင် ကြီးရွာလျှပ်စစ်မြစ်ရေတင်ဖြင့် မိုးစပါးများစိုက်ပျိုးလျှက်ရှိပြီးမျိုးကောင်းမျိုးသန့်များထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက် အကျိုးဆောင်တောင်သူ (၁၉)ဦးဖြင့် ဆင်းသုခမျိုးစေ့ထုတ်စပါးစိုက်ခင်းဧက (၅၀)စိုက်ပျိုးလျှက်ရှိပြီးအဆိုပါ မျိုးစေ့ထုတ်စိုက်ကွင်းဧက (၅၀)အတွက်  ပခုက္ကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် မျိုးစေ့ထုတ်စပါးစိုက်ခင်းတစ်ဧကလျှင် ယူရီးယားမြေသြဇာ(ပန်းဖူး)တစ်အိတ်နှုန်းဖြင့် ယူရီးယား(၅၀)အိတ် ထောက်ပံ့ပေးအပ်ပွဲကိုရွှေတန့်တစ်ကျေးရွာကွင်းအမှတ်(၃၁၄)ဦးပိုင်အမှတ်(၃၈) တောင်သူဦးမိုးကျော်၏ ဆင်းသုခမျိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း(၆.၀၀)ဧကတွင် ယမန်နေ့ နံနက်ပိုင်းကကျင်းပရာတိုင်းဒေသကြီးဦးစီးမှူးရုံးမှတိုင်းဒေသကြီးသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မော်မော်ဝင်း၊တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်မီမီချို၊ခရိုင်ဦးစီးမှူး ဦးရန်နိုင်ဝင်း၊မြို့နယ်ဦးစီးမှူးဦးစန်းလွင်နှင့်ပခုက္ကူမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်ထူးအောင်တို့မှ မျိုးစေ့ထုတ်တောင်သူ(၁၉)ဦးထံဓါတ်မြေသြဇာအိတ်များနှင့် နှစ်ရှည်သီးနှံပင်များဖြစ်သည့် စိန်တလုံးသရက်ကိုင်းဆက်ပျိုးပင်များ၊ကီလိုမာလကာပျိုးပင်များနှင့်အတူပေးအပ်ခဲ့ကြောင်းနှင့်အခမ်းအနားသို့ ရွှေတန့်တစ်၊ကွန်းရွာ၊နှောကုန်းကျေးရွာများမှ တောင်သူများခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ စုစုပေါင်း(၅၂)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
သန်းနိုင်ဦး(ငဖဲ)

တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တောင်သူလယ်သမားများတွေ့ဆုံ





မကွေး        ဩဂုတ်     ၂၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်မကွေးတိုင်း တောင်သူလယ်သမားများသမဂ္ဂမှ တောင်သူကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲကို၊ မကွေးမြို့City Starခန်းမ၌ ဩဂုတ်လ ၂၇ ရက်နေ့တွင် ရည်ရွယ်ချက်(၃)ရပ်ဖြင့် ပြုလုပ်ခဲ့သည်။
 ထိုသို့ တွေဆုံရာတွင် ရည်ရွယ်ချက်(၃)ရပ်ဖြစ်သည့်အစိုးရ၊ဌာနဆိုင်ရာများနှင့်တောင်သူလယ်သမားများကြားယုံကြည်မှုတည်ဆောက်နိုင်ရန်၊သိမ်းစီးခံလယ်ယာမြေများမှတ်တမ်းအချက်အလက်များတိကျမှန်ကန်စွာစာရင်းပြုစုနိုင်ရန်နှင့်သိမ်းစီးခံလယ်ယာမြေနှင့်အခြားမြေများပြန်လည်စိစစ်ရေးကော်မတီတွင်တောင်သူလယ်သမား ကိုယ်စားလှယ်များပါဝင်နိုင်သမျှပါဝန်နိုင်ရန်တို့ဖြစ်ကြောင်း၊မကွေးတိုင်းတောင်သူလယ်သမားများသမဂ္ဂမှတာဝန်ရှိသူကပြောသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညိုတက်ရောက် အမှာစကားပြောကြားရာတွင် တောင်သူလယ်သမားတွေအတွက်ကြိုးစားပြီးဆောင်ရွက်ပေးနေပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးနေသော်လဲ အားလုံးရာနှုန်းပြည့် ဖြေရှင်းမပေးနိုင်တဲ့အတွက်  ကျွန်တော်စိတ်မကောင်းပါဘူး၊ဒီလိုမျိုးပြောရလို့ဝမ်းနည်းပါကြောင်း၊ ဘဂျက်အခက်အခဲတွေ၊ငွေဖောင်းပွမှုမဖြစ်အောင်ထိမ်းချုပ်ရတာတွေ၊ အခက်အခဲအကန့်အသက်တွေရှိကြောင်း ဘယ်လိုပင် အကန့်အသတ်တွေရှိသော်ငြားလဲ၊ကျွန်တော်တို့ကိုယ်စွမ်း၊ဥာဏ်စွမ်းရှိသမျှ၊ တောင်သူလယ်သမားအကြိုးစီးပွားကို ဆတက်ထမ်းပိုးသယ်ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းတောင်သူလယ်သမားများသမဂ္ဂအကြံပေးဦးအောင်ကျော်ကျော်မှမြန်မာနိုင်ငံ လူ့အဖွဲ့အစည်းတွင်ယုံကြည်မှုများ ပျောက်ဆုံးနေကြောင်း၊ ဒါ့ကြောင့် တောင်သူလယ်သမားများ၏လယ်ယာမြေပြသနာများကို ဖြေရှင်းရာတွင် အစိုးရ၊ဌာနဆိုင်ရာနှင့်တောင်သူများကြားတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ယုံကြည်မှုခိုင်မာစွာ တည်ဆောက်ရန်လိုအပ်ကြောင်းပြောကြားသည်။
 မကွေးတိုင်းတွင်တောင်သူလယ်သမားများ၏ သိမ်းစီးခံလယ်ယာမြေများနှင့် ပတ်သက်ပြီး ပြန်လည်မစွန့်လွှတ်နိုင်သည့်လယ်ယာမြေများအားထိုက်တန်သည့်လျှော်ကြေးရရှိရန်၊အသုံးမပြုပဲစွန့်လွှတ်သင့်သည့် မြေများအားစွန့်လွတ်၍ မူလပိုင်ရှင်များပြန်လည်ရရှိရန်တို့ကိုယခုကဲ့သို့တွေ့ဆုံဆွေးနွေးပွဲများမှညှိနှိုင်းအဖြေရှာ၍အောင်မြင်မှုများရရန် မျှော်လင့်ကြောင်း မကွေးတိုင်းဒေသကြီး တောင်သူလယ်သမားများသမဂ္ဂအဖွဲ့ဝင် ဆင်ပေါင်ဝဲမြို့နယ်ကိုယ်စားလှယ်ဦးပေါ်ဦးကပြောသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်းဒေသကြီးလွှတ်တောက်ကိုယ်စားလှယ်များ၊တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး(၅)ခရိုင်မှတောင်သူကိုယ်စားလှယ်များ အပါအဝင် အင်အား (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ဩဂုတ်လ(၂၈)ရက်နေ့အထိ နှစ်ရက်ကြာဆွေးနွေးခဲ့ပြီး အကျိုး ရလဒ်များအား ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)