မြိုင်-ဇူလိုင်-၈
မကွေးတိုင်းဒေသကြီး၊
မြိုင်မြို့နယ်၊မကျည်းကန်ကျေးရွာအုပ်စု၊ ထန်းရင်းကုန်းကျေးရွာတွင် ၂၀၁၅-၂၀၁၆ ခုနှစ်
နွေစပါးရာသီ ထန်းရင်းကုန်းဆည်ရေသောက်ဧရိယာကွင်းအမှတ်(၈၉၉)တွင် စိုက်ပျိုး
ခဲ့သော ဗီယက်နမ်( OM-8017) စပါးမျိုးသန့် စံပြရွာ (၁၀)ဧက
စံပြစိုက်ခင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန
မှ ဒုတိယဦးစီးမှူး
ဒေါ်ကြည်ကြည်သိန်းနှင့် တာဝန်ကျဝန်ထမ်းများ ၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်မှ
Intership program နောက်ဆုံးနှစ်ကျောင်းသူများ၊ လယ်ယာမြေ
စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ
တာဝန်ကျမြေတိုင်းစာရေးများတို့သည် စပါး(၁၀)ဧက စံပြစိုက်ကွက်မှ
တောင်သူများနှင့်အတူ ဇူလိုင်လ(၈)
ရက်နေ့က စုပေါင်းစံကွက် ရိတ်သိမ်းကြရာ ပျမ်းမျှအထွက်နှုန်း
အစိုတင်း (၁၅၂.၃၀)နှင့် အခြောက်တင်း
(၁၄၀.၀၁) ထွက်ရှိခဲ့ကြောင်းသိရသည်။
(အောင်ကျော်မြင့်)
မြို့နယ်သတင်းထောက်
မြိုင်မြို့
0 comments:
Post a Comment