Sunday, July 10, 2016

အာဇာနည်နေ့ဖြစ်ပေါ်လာပုံ နှင့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း ဟောပြောပြိုင်ပွဲကျင်းပ





မကွေး        ဇူလိုင်      
                  
(၆၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ နှင့် အာဇာနည် ခေါင်းဆောင် ကြီးများအကြောင်း ဟောပြောမှုပြိုင်ပွဲအား မကွေးမြို့၊ပြည်တော်သာလမ်းပေါ်ရှိ ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ၊ Public Center ခန်းမ၌ ယနေ့နံနက် ၉နာရီခွဲအချိန်က ကျင်းပရာ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
                   အခမ်းအနားတွင် အမှတ်ပေးစည်းမျဉ်းနှင့်ပြိုင်ပွဲဝင်စည်းကမ်းများကို အမှတ်ပေးဒိုင်အဖွဲ့ဝင်တစ်ဦးဖြစ် သူ မြန်မာနိုင်ငံဂီတအစည်းအရုံး(မကွေးတိုင်းဒေသကြီး)ဥက္ကဌ မှ ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်(၁၀)အခြေခံပညာ အလယ်တန်းကျောင်းခွဲ ကျောင်းသားကျောင်းသူများက လေ့လာမှတ်သားထားသော အာဇာနည်ခေါင်းဆောင်ကြီးများ အကြောင်းကို အသိယှဉ်ပြိုင်ပြောကြားခဲ့ရာ တက်ရောက်လာသူများက အားပေးကြည့်ရှုခဲ့ကြသည်။
                   ဆက်လက်၍ အမှတ်ပေးဒိုင်(၃)ဦးက ရွေးချယ်ထားသော ပထမဆုရ သတ္တမတန်းကျောင်းသူ မချောစုဝင်း ၊ ဒုတိယဆုရ ဆဌမတန်းကျောင်းသူ မအိမ့်သက်မှူး ၊ တတိယဆုရ သတ္တမတန်းကျောင်းသား မောင်တေဇာဟိန်း တို့နှင့် နှစ်သိမ့်ဆုရရှိသူများအား မြန်မာနိုင်ငံဂီတအစည်းအရုံး(မကွေး)ဥက္ကဌ ဦးသိုက်ထွန်း ၊ မကွေးမြို့နယ်စာရေးဆရာအသင်း မှ စာရေးဆရာ၊ ဆရာညို ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(မကွေးတိုင်း ဒေသကြီး အတွင်းရေးမှူး) ဦးဌေးလွင်သောင်း နှင့် ပွဲဖြစ်မြောက်ရေးအလှူရှင်များဖြစ်သည့် ဒေါ်သင်းသင်းယု (ဂမုန်းပွင့်ဆေးခန်း) ၊ ဦးစုလှိုင်၊ဒေါ်ကြည်မြင့်ဌေး(ရှယ်ကမ္ဘာဆန်ရောင်းဝယ်ရေး)တို့၏သမီး ဆုဧကရီမြင့် တို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး အကဲဖြတ်ဒိုင်အဖွဲ့အား တိုင်းဒေသကြီးပြန်ဆက် တိုင်းဦးစီးဌာနမှူး ၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးညွန့်နိုင်က ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
                   အခမ်းအနားသို့ ကျောင်းသားကျောင်းသူများ ၊ ဆရာဆရာမများ ၊ ဖိတ်ကြားထားသူများ အင်အား (၇၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ကျောင်းသူကျောင်းသားလေးများအား မကွေးခရိုင်ပြန်ဆက်ရုံး ၀န်ထမ်းများက စာအုပ်ဌားခွင့်လက်မှတ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment