Tuesday, July 12, 2016

၂၀၁၆ ခုနှစ်အပြည်ပြည်ဆိုင်ရာ သမ၀ါယမနေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် အခြေခံသမ၀ါယမအသင်းများအား အသေးစားအရင်းအနှီးချေးငွေ ပေးအပ်ပွဲကျင်းပ




မကွေး     ဇူလိုင်     ၁၂
          မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်တွင် ၂၀၁၆-ခုနှစ် ဇူလိုင်(၂)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သမ၀ါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မကွေးမြို့နယ် အတွင်းရှိ အခြေခံသမ၀ါယမအသင်းပေါင်း(၂၀၀)သို့ အသေးစား အရင်းအနှီးချေးငွေ ကျပ်သိန်း (၂၆၄၉၁.၄၆၅)အား မြို့နယ်သမ၀ါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ထုတ်ချေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။
အဆိုပါ ချေးငွေပေးအပ်ပွဲသို့ မကွေးမြို့နယ် သမ၀ါယမဦးစီးအရာရှိနှင့် မြို့နယ် သမ၀ါယမ အသင်းစု ဥက္ကဌတို့မှ အခြေခံသမ၀ါယမအသင်းများသို့ ထုတ်ချေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment