Sunday, July 24, 2016

ပခုက္ကူမြို့ မြို့ရှောင်လမ်းအနီး လူသတ်မှုဖြစ်ပွား*

          ပခုက္ကူမြို့နယ်၊ချောက်ကန်ကျေးရွာ၊မြို့ရှောင်လမ်းအနီး
ယာခင်းအတွင်းမှ အမျိုးသားတစ်ဦးအား  ဒဏ်ရာများဖြင့် သေဆုံးလျှက်
အမျိုသမီးတစ်ဦးအား(စိုးရိမ်ရ)ဒဏ်ရာများဖြင့် ဇူလှိုင်(၂၃)ရက်နေ့ နံနက်ပိုင်း က
တွေ့ရှိခဲ့ကြောင်း ပခုက္ကူမြို့မရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ ဇူလှိုင်(၂၃)ရက်နေ့
နံနက်(၈)နာရီအချိန်က ပခုက္ကူမြို့နယ်၊ ချောက်ကန်
ကျေးရွာအုပ်စု၊ချောက်ကန်ကျေးရွာ မြိ့ရှောင်လမ်းဘေးတွင် အမည်မသိအမျိုးသားတစ်ဦး
နှင့် အမျိုးသမီးတစ်ဦးတို့ သွေးများဖြင့်လဲကျနေကြောင်းသတင်းအရ
ပခုက္ကူမြို့မရဲစခန်းမှူး
ဒုရဲမှူးကျော်စိုး၊ဒုရဲအုပ်ကျေ်မင်း၊နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်
ဟန်နိုင်ဝင်းပါဝင်သောအဖွဲ့သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ မြို့ရှောင်လမ်း
မိုင်တိုင်အမှတ် (၀/၇)၏မြောက်ဘက် ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင်၏
အနောက်ဘက်ကိုက်(၅၀၀)ခန့်အကွာ ယာခင်းအတွင်းရှိ သစ်ပင်အောက်တွင်
အမည်မသိအမျိုးသား၊အသက်(၃၀)နှစ်ခန့်(အဖ၊အလုပ်အကိုင်၊နေရပ်စုံစမ်းဆဲ)တွင်
ဦးခေါင်းနောက်စေ့ဝဲဘက်ပေါက်ပြဲ၊
ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ၊နောက်စေ့တည့်တည့်ပေါက်ပြဲ၊ယာမျက်လုံးဖူးရောင်ဒဏ်ရာ(သေဆုံး)
နှင့် အမည်မသိအမျိုးသမီး၊
အသက်(၃၈)နှစ်ခန့်(အဖ၊အလုပ်အကိုင်၊နေရပ်စုံစမ်းဆဲ)တွင်
နဖူးပေါက်ပြဲ၊ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ၊ ဝဲလက်ခုံဖူးရောင်၊
ဝဲလက်သူကြွယ်ပွန်းဒဏ်ရာ၊အသက်ရှူလျှက်၊စကားမပြောနိုင်(စိုးရိမ်ရ)ဒဏ်ရာဖြင့်လဲကျနေသည်ကိုတွေ့ရှိခဲ့သဖြင့်
အမည်မသိအမျိုးသမီးအား ပခုက္ကူမြို့ပြည်သူ့ဆေးရုံသို့
ပို့ဆောင်ထားရှိခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်၏ကနဦးစစ်ဆေးချက်
အရသိရသည်။ဖြစ်စဉ်နှင့်ပက်သက်၍ အမည်မသိအမျိုးသားအား သေဆုံးအောင်ပြုလုပ်သူ နှင့်
အမည်မသိအမျိုးသမီးအား အပြင်းအထန်နာကျင်ဒဏ်ရာများရရှိအောင်ပြုလုပ်သူ တရားခံအား
စုံးစမ်းဖော်ထုတ်အရေးယူပေးရန် ဒုရဲအုပ်ကျော်မင်းမှ
တရားလိုပြုတိုင်ကြားခဲ့သဖြင့် ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်းမှ
(ပ)၇၇၂/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၅ ဖြင့်အမှုဖွင့်ထားရှိပြီး အမှုစစ်
ဒုရဲမှူးကျော်စိုးမှ
တရားခံအမြန်ဆုံးဖမ်းဆီးနိုင်ရေးစုံစမ်းစစ်ဆေးလျှက်ရှိကြောင်းသိရသည်။ မြေလတ်ဂျာနယ်

0 comments:

Post a Comment