Friday, July 22, 2016

ကြွက်သတ်ဆေးသောက် သေကြောင်းကြံစည်သော အမျိုးသမီးအား သက်ဆိုင်ရာမှအရေးယူ

          နတ်မောက်မြို့၌ အမျိုးသမီးတစ်ဦး ကြွက်သတ်ဆေးသေကြောင်းကြံစည်မှု ဇူလှိုင်(၂၁)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း နယ်မြေခံရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ ဇူလှိုင်(၂၁)ရက်နေ့ ညနေ(၄)နာရီအချိန်က နတ်မောက်ပြည်သူ့ ဆေးရုံ၌ ကြွက်သတ်ဆေးသောက်သုံးသူ လူနာတစ်ဦးရောက်ရှိလာကြောင်း သတင်းအရ နတ်မောက်မြို့မရဲစခန်းမှ ဒုရဲအုပ်စောသက်လွင် သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဆေးသောက်သူမှာ မမြင့်မူ၊အသက်(၂၆)နှစ်၊ အောင်ဆန်း ရပ်ကွက်၊နတ်မောက်မြို့နေသူဖြစ်ကြောင်းသိရှိရပြီး ၎င်းသည် ရည်းစားမှ အဆက်ဖြတ်သဖြင့် စိတ်ညစ်ကာ နတ်မောက်မြို့ မြို့မဈေးအတွင်းရှိ ဦးမိုးဇော်၏ ကုန်စုံဆိုင်မှ “  မန္တလာ-၂ “ အသင့်သုံး ကြွက်သတ်ဆေးအခဲ (၆)ခဲ အား ဝယ်ယူကာ ယင်းနေ့ မွန်းလွဲ(၂)နာရီအချိန်တွင် ရန်အောင်မြင်လမ်းဘေး၌ ကြွက်သတ်ဆေးများသောက်သုံးခဲ့သဖြင့် မူးဝေ အော့အန်ခြင်း(မစိုးရိမ်ရ)ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်၏စစ်ဆေး ချက်အရသိရသည်။ ဖြစ်စဉ်နှင့်ပက်သက်၍ မိမိကိုယ်ကိုသတ်သေရန်အကြံဖြင့် ကြွက်သတ်ဆေးများသောက်သုံးသူ မမြင့်မူ အားရေးယူပေးရန် ဒုရဲအုပ် စောသက်လွင်မှ တရားလိုပြုတိုင်ကြားခဲ့သောကြောင့် နတ်မောက်မြို့နယ်၊မြို့မရဲစခန်းမှ (ပ)၈၄၀/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၉ ဖြင့်အမှုဖွင့်ထားသည်။
မြေလတ်ဂျာနယ်

0 comments:

Post a Comment