Monday, July 18, 2016

တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် စာပေဟောပြောပွဲတွင် မကွေးတိုင်းဒေသကြီး ဇာတိ စာရေးဆရာကြီးများ ဟောပြော


မကွေး       ဇူလိုင်      ၁၆

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော (၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ဇူလိုင် ၁၅ ရက်နေ့ ည ၇ နာရီက မကွေးမြို့ တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် တာဝန်ရှိ သူများက အာဇာနည်နေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ များတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။
(၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို ဆက်လက်ကျင်းပရာ  တက္ကသိုလ်များ မြန်မာ့သမိုင်း သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဒေါက်တာ တိုးလှက အာဇာနည်စိတ်ဓာတ်၊ ဆရာမ ဂျူးက စာဖတ်ခြင်း အနုပညာ၊ ဆရာနေ၀င်းမြင့်က မေတ္တာနဲ့ပညာ စသည့် ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ရာ စာပေ၀ါသနာရှင်များက တစ်ခဲနက်အား ပေးခဲ့ကြသည်။
အဆိုပါ စာပေဟောပြောပွဲသို့  တက်ရောက်ဟောပြောခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများ သည် မကွေးတိုင်းဒေသကြီး ဇာတိများဖြစ်ကြပြီး တက္ကသိုလ်များ မြန်မာ့သမိုင်း သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဒေါက်တာ တိုးလှမှာ ရေစကြိုမြို့နယ် မွေးဇာတိဖြစ်ပြီး ဆရာနေ၀င်းမြင့်က ပွင့်ဖြူမြို့နယ်နှင့်ဆရာမ ဂျူးမှာ ရေနံချောင်း မွေးဇာတိတို့ ဖြစ်ကြောင်း သိရှိရ သည်။
                                                                                                        သန်းနိုင်ဦး(ငဖဲ

0 comments:

Post a Comment