Aung KyawKyaw added 12 new photos.
#တောင်တွင်းကြီးမြို့သို့အောင်မြင်စွာရောက်ရှိ
#ပြည်သူအများသောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြု
မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့၊ မြို့လယ်လမ်းဆုံအနီးရှိ အာဇာနည်ရင်ပြင်ကြီးတွင်ဂုဏ်ပြုခံထားရှိမည့် အာဇာနည်ကြီးများ၏ပုံတူကြေးရုပ်တုများသယ်ယူနိုင်ရန်အတွက် ဇူလိုင်လ ဇူလ ၁၁ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်မှစ၍ မန္တလေးမြို့ တမ္ပဝတီရပ်၊ ချမ်းသာအောင် မြန်မာမှုကြေးသွန်းလုပ်ငန်းသို့ စတင်ထွက်ခွာလာပါပြီး၊ ဒီကနေ့ ဇူလိုင်လ ဇူလိုင် (၁၂)ရက်၊ ညနေ ၆ နာရီ မိနစ် ၂၀ အချိန်၌ တောင်တွင်းကြီးမြို့ သို့ အောင်မြင်ချောမွေ့စွာရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

အာဇာနည်ကြီးများ၏ကြေးရုပ်တုများသယ်ယူရာလမ်းတစ်လျှောက်ရှိ
မြို့အသီးသီးနှင့် ကျေးရွာများမှ
သောင်းသောင်းဖြဖြကြိုဆိုကြသောပြည်သူများ၊ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊
ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ မြို့အဝင်တွင်ယာဉ်တန်းအား
လမ်းကြောင်းဦးဆောင်ပေးပါသော
နိုင်ငံခြားသားခရီးသွားဧည့်သည်များလုံခြုံရေးတပ်ဖွဲ့မှ ရဲဝန်ထမ်းများ၊
မြို့နယ်ရဲတပ်ဖွဲ့မှူးခေါင်းဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့်
စားသောက်ဖွယ်ရာများ၊သောက်ရေသန့်ဗူးများ၊ အချိုရည်ဗူးများ
အားစေတနာအပြည့်ဖြင့် ကျွေးမွေးဧည့်ခံပေးပါသော ပြည်သူများအားအထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

LikeShow more reactions
CommentShare
0 comments:
Post a Comment