ပွင့်ဖြူ ဇူလိုင်
၁၂
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၁၆ခုနှစ်
မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီက အမှတ်(၄)ချည်မျှင်နှင့်
အထည်စက်ရုံဝန်းရှေ့ ကွင်း၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊မြို့နယ်သစ်တော
ဦးစီးမှူးနှင့် ၀န်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ
အမှတ်(၄) ချည်မျှင်နှင့် အထည်စက်ရုံမှ စက်ရုံမှူးနှင့်ဝန်ထမ်းများ ပူးပေါင်း၍ ရတနာတန်းဝင်
ကျွန်းပင်(၂၀၀)၊ယူကလစ်(၁၀၀)၊ကံ့ကော်(၁၀၀)နှင့် စစ်(၁၀၀) စုစုပေါင်း(၅၀၀)ပင်အား စိုက်ပျိုးခဲ့
ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment