Friday, July 22, 2016

မကွေးတက္ကသိုလ် ပထ၀ီဝင်ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲကျင်းပ


မကွေး     ဇူလိုင်     ၂၂
မကွေးတက္ကသိုလ်တွင် အထူးပြုဘာသာရပ်ဆိုင်ရာ ဟောပြောပွဲများကို ဇူလိုင်လအတွင်း ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက မကွေးတက္ကသိုလ် ဘက်စုံခန်းမ၌ ပထ၀ီဘာသာ ရပ်ဆိုင်ရာ ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မကွေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာကြီးဒေါက်တာဝင်းစိုးက အမှာစကားပြောကြားပြီး ဆရာကြီး ဒေါက်တာ သိန်းထွန်း (ပါမောက္ခချုပ်(ငြိမ်း)၊ ရန်ကုန်သမ၀ါယမ တက္ကသိုလ်) က Geographical Review on Ayeyarwaddy River Basin ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာကြီး ဒေါက်တာ လှကျော် (ပါမောက္ခ(ငြိမ်း)၊ပထ၀ီဝင်ဌာန၊ပခုက္ကူတက္ကသိုလ်)က Greenhouse Effects,Global Warmming and Arboriculture ခေါင်းစဉ်နှင့် ဆရာကြီး ဒေါက်တာ အောင်မြိုင်(ပါမောက္ခ(ဌာနမှူး)၊ပထ၀ီဝင်ဌာန၊မုံရွာ တက္ကသိုလ်)မှ The Role of Technology in Teaching and Learning of Geography ခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောခဲ့ရာ မကွေးတက္ကသိုလ် ပထ၀ီဝင်ဘာသာရပ်ဆိုင်ရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြားနာ မှတ်သား ခဲ့ကြသည်။
ထို့နောက် ဆရာကြီး ဒေါက်တာ အောင်မြိုင် (ပါမောက္ခ(ဌာနမှူး)၊ ပထ၀ီဝင်ဌာန၊ မုံရွာ တက္ကသိုလ်)က မကွေးတက္ကသိုလ် ပထ၀ီဝင်ဌာနသို့ စာအုပ်များပေးအပ်လှူဒါန်းပြီး ဟောပြာပွဲ အခမ်းအနား ပြီးမြောက်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment