Friday, July 22, 2016

*ရေနံချောင်းမြှိုနယ်တွင် ညီအစ်ကိုနှစ်ဦး ငုံးထောင်သွားရာမှ မိုးကြိုးထိမှန်သေဆုံး*


                  ရေနံချောင်းမြို့နယ်၊ အရှေ့ကုန်းကျေးရွာအနီး၌
ဇူလှိုင်(၂၁)ရက်နေ့က
အမျိုးသား(၂)ဦး မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း
အင်တောနယ်မြေရဲစခန်းမှသိရသည်။ဖြစ်စဉ်မှာ ဇူလှိုင်(၂၁)ရက်နေ့ ညနေ(၄)နာရီအချိန်က
ရေနံချောင်းမြို့နယ်၊ အရှေ့ကုန်းကျေးရွာအုပ်စု၊ အရှေ့ကုန်းရွာ၏ အရှေ့မြောက်ဘက်
(၃)မိုင်ခန့်အကွာ ဦးဝင်းဘို၏ ပဲခင်းအနီး ထန်းပင်နှင့် ဖက်သန်းပင်အောက်တွင်
လူ(၂)ဦးမိုးကြိုးထိမှန်၍သေဆုံးနေကြောင်း အရှေ့ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး
ဦးရဲအောင်မှဖုန်းဆက်ကြောင်းကြားချက်အရ အင်တောရဲကင်းစခန်းမှူး ရဲအုပ်
သန်းနိုင်ဦးနှင့်အဖွဲ့ အခင်းဖြစ်နေရာသို့
သွားရောက်စစ်ဆေးခဲ့သည်။သေဆုံးသူများမှာ အရှေ့ကုန်းကျေးရွာနေ
ညီအစ်ကိုများဖြစ်ကြသော  ကိုသိန်းတန်၊အသက်(၄၉)နှစ်နှင့်
ကိုပြူးကျော်၊အသက်(၃၉)နှစ်တို့ဖြစ်ကြပြီး ၎င်းတို့မျက်နှာနှင့်ရင်ဘတ်၊လက်မောင်း၊
နှုတ်ခမ်း၊ မျက်ခွံတို့တွင် မဲခြောက်နေပြီး မိုးကြိုးထိမှန်သောလက္ခဏာများဖြင့်
အခင်းဖြစ်နေရာတွင် သေဆုံးနေ သည်ကိုစစ်ဆေးတွေ့ရှိခဲ့သည်။ ဖြစ်စဉ်အားစုံစမ်းရာ
ဇူလိုင်(၂၀)ရက်နေ့ မွန်းလွဲ(၃)နာရီခွဲအချိန်က ၎င်းတို့ ညီအစ်ကို နှစ်ဦးသည်
ငုံးထောင်ရန်အတွက် နေအိမ်မှထွက်ခွာသွားပြီး ညအချိန်ရောက်သည်အထိအိမ်ပြန်
ရောက်လာခြင်းမရှိခဲ့သော ကြောင့် မိသားစုများနှင့် ရွာသူ/ကျေးရွာသားများမှ
လိုက်လှံရှာဖွေခဲ့ရာတွေ့ရှိခြင်းမရှိခဲ့၍ ထပ်မံရှာဖွေရာမှ ဇူလိုင်(၂၁) ရက်နေ့
နံနက်(၁၀)နာရီခွဲအချိန်တွင် ကျေးရွာ၏အရှေ့မြောက်ဘက် (၃) မိုင်ခန့် အကွာ
ဦးဝင်းဘို၏ ပဲခင်းအနီး      ထန်းပင်နှင့် ဖက်သန်းပင်အောက်တွင်
သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်းသိရသည်။ အဆိုပါသေဆုံးသူညီအစ်ကို (၂)ဦးသည်
ကျေးရွာတွင် ရန်ညိုးရန်စမရှိခြင်းတို့ကြောင့် ၎င်းတို့၏မိသားစုများ၊
ဆွေမျိုးသားချင်းများ၊ ကျေးရွာရှိကျောင်း ထိုင်ဆရာတော် နှင့် ကျေးရွာသူ၊
ကျေးရွာသားများ၏ သဘောဆန္ဒအရ ကျေးရွာ၏ဓလေ့ထုံးတမ်းအစဉ် အလာအတိုင်း
အခင်းဖြစ်နေရာတွင် ဇူလှိုင်(၂၁)ရက်နေ့ ညနေပိုင်းက
သေဆုံးသူနှစ်ဦးအားမြေမြုပ်သဂြိုလ်ခဲ့ကြောင်းသိရသည်။
မြေလတ်ဂျာနယ်

0 comments:

Post a Comment