ငဖဲ ဇူလိုင် ၇
ငဖဲမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းပြင်ပ အသိပညာ ဗဟုသုတ
တိုးပွားစေရန် ရည်ရွယ်၍ (၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုနယ်လှည့် စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓါတ်ပုံပြပွဲနှင့်ဟောပြောပွဲများကို
ဇူလိုင် ၇ ရက်နေ့ နံနက်ပိုင်းတွင် ငဖဲမြို့နယ် လေးအိမ်စုကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့်
နေ့လည်ပိုင်းတွင် ပင်ဦးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲတို့၌ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင်
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ယုယုသိန်း က အာဇာနည်နေ့
ဖြစ်ပေါ်လာပုံအကြောင်းသိကောင်းစရာများ၊ စာဖတ်ခြင်း၏အက်ျိုးကျေးဇူးနှင့် ကျောင်းသား လူငယ်များ
ကျန်းမာရေး အသိပညာပေးမှူ များဟောပြောဆွေးနွေးခဲ့ပြီး ကလေးကြိုက်ရုပ်ပြ၊ပုံပြင်၊တေဇ၊
ကလေးသုတစာအုပ်များဖြင့်ကလေးစာဖတ်ဝိုင်းများဆောင်ရွက်ခဲ့သည်။ စာဖတ်ဝိုင်းအပြီးတွင် မြို့နယ်ပြန်/ဆက်
ရုံးမှပြသထားသော (၆၉)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ ဗိုလ်ချူပ်
အောင်ဆန်း ၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှူ သမိုင်းမှတ်တမ်းဓါတ်ပုံများ၊ မြန်မာအမျိုးသမီးများနေ့အကြောင်း
သိကောင်း စရာများနှင့် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု လှူပ်ရှားဆောင်ရွက်မှု
မှတ်တမ်းဓါတ်ပုံများအား ကျောင်းသား/သူများနှင့်ဆရာ၊ဆရာမများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြခဲ့ကြောင်း
သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment