Friday, July 22, 2016

လိုင်စင်မဲ့ကားလက်ဝယ်ထားရှိအသုံးပြုသူ ဦးပဉ္ဇင်းတစ်ပါးအား လူဝတ်လဲအရေးယူ*


                ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၊  လောင်းရှည်-ဆိပ်ဖြူကားလမ်း၌
ဇူလှိုင်(၂၀)ရက်နေ့ ညပိုင်းက လိုင်စင်မဲ့ကား တစ်စီးအား မောင်နှင်လာသော
ဦးပဉ္ဇင်းတစ်ပါးအား လူဝတ်လဲကာ အရေးယူခဲ့ကြောင်း ဆောမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလှိုင်(၂၀)ရက်နေ့ ည(၁၀)နာရီခွဲ အချိန်က ဆောမြို့မရဲစခန်းမှူး
ဒုရဲမှူး စိုင်းထွန်းကျော် နှင့်အဖွဲ့သည် လောင်းရှည်-ဆိပ်ဖြူကားလမ်း
မိုင်တိုင်အမှတ် ၆၄/၃ နှင့် ၆၄/၄ အကြား၌ ယာဉ်ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ်
လောင်းရှည်ဘက်မှ ဆောမြို့ဘက်သို့ မောင်းနှင်လာသော ၉ခ/၇၀၉၃
စူပါကာစတန်ခဲရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်မောင်းနှင်လာသူမှာ
စလင်းမြို့၊ ဆုံတားကျောင်းတိုက်နေ ဦးသံဝရ (လူအမည် ခင်မောင်နိုင်)၊
သက်တော်(၃၇)နှစ်၊ ၀ါတော်(၁၉)၀ါ၊သာသနာဝင်အမှတ် ၈/စလန(သ) ၀၀၅၁၈၉
ကိုင်ဆောင်သူဖြစ်ကြောင်းတွေ့ရှိရသဖြင့် ဆောမြို့နယ်
သံဃာ့နာယကဆရာတော်ထံပင့်ဆောင်၍ မြို့နယ်သာသနာရေးဦးစီးမှူး
ဦးမြင့်သန်းတို့နှင့်အတူ  အဆိုပါယာဉ်အား စစ်ဆေးခဲ့ရာ
လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရသဖြင့်  မြို့နယ်သံဃာ့နာယကဆရာတော်မှ
လူဝတ်လဲစေ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ယင်းဖြစ်စဉ်နှင့်ပက်သက်၍ လိုင်စင်မဲ့ယာဉ်
လက်ဝယ်ထား အသုံးပြုသူ ဦးသံဝရ (ခ) ခင်မောင်နိုင် အား အရေးယူပေးရန်
 ဒုရဲမှူးစိုင်းထွန်းကျော်မှ ဇူလှိုင်(၂၁)ရက်နေ့တွင် တရားလိုပြုတိုင်တန်းသဖြင့်
ဆောမြို့နယ်၊ မြို့မရဲစခန်းမှ (ပ)၈၀/၂၀၁၆ ၊ ပို့ကုန်/သွင်းကုန်ပုဒ်မ ၈
ဖြင့်အမှုဖွင့်ထားသည်။
မြေလတ်ဂျာနယ်

0 comments:

Post a Comment