Sunday, July 24, 2016

ခြိမ်းခြောက်လာသော အန္တရာယ်များအကြောင်း ဟောပြောပွဲ

ငဖဲ       ဇူလိုင်      ၂၄
ငဖဲမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့က ကြီးမှူး၍ မြန်မ့ာယဉ်ကျေးမှု တန်ဖိုးများကို ခြိမ်းခြောက်လာသော အန္တရာယ်များအကြောင်း ဟောပြောပွဲကို ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီက အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ ငဖဲ အထကမှ ဆရာများနှင့်ကျောင်းသား ကျောင်းသူ (၁၄၅) ဦး တို့ တက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်စန်းသီတာညွှန့်က အမှာစကားပြော ကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက ယဉ်ကျေးမှု အဓိပ္ပါယ်၊ မြန်မ့ာယဉ်ကျေးမှုခရီး၊ မြန်မာ့ယဉ်ကျေးမှုနှင့်ဗုဒ္ဓဘာသာတရားတော်၊ မြန်မ့ာယဉ်ကျေးမှု တန်ဖိုးများကို ခြိမ်းခြောက်လာသော အန္တရာယ်များ၊ ကိုယ်နှုတ်အမူအရာ ယဉ်ကျေးမှု၊ လူမှုဆက်ဆံ ရေးယဉ်ကျေးမှု၊အမျိုးဂုဏ် ဇာတိဂုဏ်ကို စောင့်ရှောက်ထိန်းသိမ်းသော ယဉ်ကျေးမှူ၊ ဝတ်စားဆင်ယင် မှု၊အတာသင်္ကြန်၊အနုသုခုမပညာများ၊ဘာသာစကား၊စာပေ၊အစားအစာနှင့်ပတ်သက်သောယဉ်ကျေးမှု စသည့် အကြောင်းအရာများကို power point ဖြင့် အကျယ်တ၀င့် ရှင်းလင်းပြသကာ အသိပညာပေး ဆွေးနွေးဟော ပြောခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment