Monday, July 18, 2016

၂၀၁၆၂၀၁၇ဘဏ္ဍာနှစ် မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာ(၆)ရွာအား ရန်ပုံငွေသိန်း(၃၀၀)ကျပ် စီပေးအပ်


စေတုတ္တရာ      ဇူလိုင်     ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင် စီမံကိန်းဝင်ကျေးရွာများအား မြစိမ်းရောင်ရန်ပုံငွေ သိန်း(၃၀၀)ကျပ်ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင် ၁၅ ရက်နေ့ နေ့လည် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးမှ မြစိမ်းရောင်ရန်ပုံငွေအကြောင်း သိကောင်း စရာများနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆည်မောင်က မြစိမ်းရောင်ရန်ပုံငွေ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၁၆၂၀၁၇ဘဏ္ဍာနှစ် မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာများဖြစ်သည့် မဏ္ဍာပ်ကိုင်း ရေသောင်၊ ချီ၊ ညောင်ကုန်း၊ ပန်းအိနှင့် ပွင့်တောက်ကျေးရွာ စုစုပေါင်းကျေးရွာ(၆)ရွာတို့အား မြစိမ်းရောင် ရန်ပုံငွေကျပ်သိန်း(၃၀၀)ကျပ်စီပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုး တက်ရေး၊ ဆင်းရဲမှုလျှော့ချရေး၊ စားဝတ်နေရေး အဆင်ပြေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပြီး မြစိမ်းရောင် ကျေးရွာဖွဲ့စည်းရေးအဖြစ် ကျေးရွာအိမ်ခြေ (၈၀)နှင့် အထက်ရှိသော ကျေးရွာများကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment