Sunday, July 10, 2016

ပြီးပြည့်စုံသည့် မိုဘိုင်းဖုန်းဖြင့် အွန်လိုင်းတွင်စာပေလေ့လာခြင်း စီမံချက်ဖြင့်ဆောင်ရွက်


မကွေး ဇူလိုင် ၉
မကွေးတိုင်းဒေသကြီးသည် အပူပိုင်းဒေသဇုံတစ်ခုဖြစ်ပြီး ဒေသတွင်း ပြည်သူအများစုမှာ တစ်နိုင် တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်လုပ်ကိုင်လျှက် စား၊၀တ်၊နေရေး ဖြေရှင်း လုပ်ကိုင်နေကြသည့် တောင်သူ၊ လယ်သမားများဖြစ်သည်။ သို့သော် ဘိုးစဉ်ဘောင်ဆက် အသုံးပြုခဲ့ကြသည့် မိရိုးဖလာ စိုက်ပျိုးမွေးမြူ နည်းပညာများဖြင့်သာ စိုက်ပျိုးမွေးမြူလုပ်ကိုင်လျှက်ရှိနေကြပြီး ခေတ်မီစိုက်ပျိုး၊ မွေးမြူရေးနည်းပညာများဖြင့် အလှမ်းဝေးဆဲပင်ဖြစ်သည်။ တောင်သူများအား စိုက်ပျိုးမွေးမြူရေး အသိပညာ ပေး သင်တန်းများ ပြုလုပ်နိုင်မှုမှာလည်း လွန်စွာရှားပါးလျှက်ရှိပြီး ငွေးကျေးကုန်ကျစရိတ်များသည့် ပြဿနာမှာ အဓိကဖြစ်သည်။ ထို့ပြင် စာအုပ်စာပေများမှ စိုက်ပျိုးမွေးမြူနည်းပညာ များအားလေ့လာရန်မှာလည်း အခက် အခဲများစွာရှိလျှက် ရှိသည်။ ယခုအချိန်တွင် စာကြည့်တိုက်များမှ စာငှားစာဖတ် ပြုလုပ်ခြင်း အလေ့အထ သည်လည်း မှေးမှိန်လျှက်ရှိပြီး စာကြည့်တိုက်များဖွင့်ဖြိုးတိုးတက်ရေး အခန်းကဏ္ဍမှာ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင် နေရပေသည်။
ဆက်သွယ်ရေးနည်းပညာ ထွန်းကားလာသည့် ယနေ့ခေတ်တွင် လူအများစုမှာ မိုဘိုင်းဖုံးသုံးစွဲ လျှက်ရှိပြီး ထိုမိုဘိုင်းဖုံးသုံးစွဲခြင်းများဖြင့် နေ့စဉ် အချိန်ကုန်လျှက်ရှိပေသည်။ ထိုသို့သုံးစွဲနေကြသော်လည်း ထိရောက်အကျိုးရှိသည့် မိုဘိုင်းဖုန်းသုံးစွဲနည်းနှင့် သုံးစွဲနိုင်မှုမှာလွန်စွာ နည်းပါးသေးသည်။ ထိုအခြေများကို အခြေခံလျှက် မိုဘိုင်းဖုန်းဖြင့်အွန်လိုင်းမှ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များနှင့် သတင်းအချက်လက်များ လေ့လာသင်ယူခြင်း၊ သုတ၊ရသ စာအုပ်စာပေများ ရှာဖွေလေ့လာဖတ်ရှုခြင်း စသည့်နည်းပညာများ သင်ကြား ပေးခြင်း ပြုနိုင်ခြင်းသည် ကောင်းမွန်သော အဖြေတစ်ခုဖြစ်သည်။
ထို့ကြောင့် မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မကွေးတိုင်းဒေကြီး လူငယ်ကွန်ရက် နှင့် Telenor Lighthouse တို့ ပူးပေါင်း၍ Effect Reading Online With Mobile Phone စီမံကိန်းကို မကွေးတိုင်းဒေသကြီး (၂၅)မြို့နယ်တွင် ၂၀၁၆ ခုနှစ် အတွင်းအကောင်အထည် ဖော်ဆောင်ရွက် မည်ဖြစ်ရာ ကျေးလက်နေ ဒေသခံတောင်သူများ မိုဘိုင်းဖုံးဖြင့် အင်တာနက်သုံးစွဲနည်း သိရှိလာစေရန်၊ ကျေးလက်နေ ဒေသခံတောင်သူများ အသက်မွေးမှုပညာရပ်များအား အွန်လိုင်းမှတဆင့် ကိုယ်တိုင်ရှာဖွေ လေ့လာတတ်လာစေရန်၊ စိုက်ပျိုးမွေးမြူနည်းပညာများ ဖြန့်ဖြူးပေးနိုင်ရန်နှင့် အွန်လိုင်းမှတစ်ဆင့် စာပေ လေ့လာဖတ်ရှသူ များပြားလာစေရန် ရည်ရွယ်၍ မြိုနယ်ပြန်/ဆက် ဦးမှုးများအနေဖြင့် မိုဘိုင်းဖုံးဖြင့် အင်တာနက် အသုံးပြု၍ စာအုပ်စာပေများကျယ်ပြန့်စွာ ရှာဖွေဖတ်ရှုခြင်း၊ စိုက်ပျိုးမွေးမြူရေး နည်းပညာများ ရှာဖွေခြင်း၊ သတင်းအချက် အလက်များ၊ လုပ်ဆောင်နေမှုများ ပြန်လည်မျှဝေပေးနိုင်ရေးနှင့် ဆက်သွယ်ရေး နည်းစနစ်များ စသည်တို့ ကောင်းစွာသိရှိ၍ ပြန်လည်ဖြန်ဝေသင်ကြားပေးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပြန်ဆက် ဦးစီမှူးများအား ဇူလိုင် ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုနည်း သင်တန်းကို ဖွင့်လှစ်ပို့ချလျက်ရှိသည်။
ထို့အတူ ကွန်ရက်ချိပ်ဆက်ခြင်း ဆင့်ပွားသင်တန်းသားများနှင့် Facebook Group/ ဖွဲ့ခြင်း၊ မြို့နယ်လိုက် ပြန်/ဆက် Facebook Page ပြုလုပ်ခြင်း၊ ပြန်ဆက်ဦးစီးမှူးများ အချင်းချင်း သတင်းအချက် အလက်များ၊ လုပ်ဆောင် နေမှုများ ပြန်လည်မျှဝေနိုင်ရန်နှင့် အကြံဥာဏ်များ ရယူနိုင်စေရန် သင်တန်းကို သြဂုတ်လအတွင်းတွင် လည်းကောင်း၊ ဆင့်ပွားသင်တန်းများပြုလုပ်ခြင်း အနေဖြင့် ဒေသခံပြည်သူများနှင့် ပြန်/ဆက် ဌာနများ ချိတ်ဆက်မှုအားကောင်းလာစေရန်၊ ပြန်ဆက်၏ လုပ်ဆောင်နေမှုများအား ဒေသခံပြည်သူ များ အချိန်နှင့်တစ်ပြေးညီ လွယ်ကူစွာ သိရှိလာနိုင်စေရန်၊ စီမံကိန်း၏ လုပ်ဆောင်ခဲ့မှု မှတ်တမ်းများ ရယူနိုင်ရန် လုပ်ငန်စဉ်များ ပိုမိုကောင်းမွန်လာစေရန်အတွက် ပြန်လည်ပြင်ဆင်နိုင်ရန်နှင့် အကျိုးရလဒ်များအား တိုင်းတာ နိုင်ရန် သင်တန်းကို ဒီဇင်ဘာလတို့တွင် လည်းကောင်း၊ စီမံချက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရ သည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment