Tuesday, July 19, 2016

ပုထိုးကျေးရွာတွင် ၄လက်မခွဲ စက်ရေတွင်း ဖွင့်လှစ်လွှဲပြောင်း ပေးအပ်


မကွေး     ဇူလိုင်      ၁၈
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပုထိုးကျေးရွာ ၄လက်မခွဲ စက်ရေတွင်းဖွင့်ပွဲနှင့်လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီက အဆိုပါ ကျေးရွာ စေတီကုန်းတော်ပေါ်ရှိ  စက်ရေတွင်းရှေ့တွင်ကျင်းပရာ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းနှင့် Asia W0rld Foundation မှစက်ရေတွင်း အလှူရှင် ဒါရိုက်တာဦးစိုးဝင်းသန့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
အခမ်းအနား ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတာက ကျေးလက် ဒေသများ သောက်သုံးရေရရှိရေး ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် စက်ရေတွင်း ဖြစ်မြောက် ရေး အကျိုးတော်ဆောင် ဦးလှဆန်းနှင့်စက်ရေတွင်း အလှူရှင် ဦးစိုးဝင်းသန့်တို့အား အထူးပင်ကျေးဇူးတင် ရှိကြောင်းပြောကြားသည်။ ထို့နောက် စက်ရေတွင်းအလှူရှင် ဦးစိုးဝင်းသန့်က စက်ရေတွင်းလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စက်ရေတွင်းနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ် ရာ ကျေးရွာကိုယ်စား ဦးကြည်က လက်ခံရယူပြီး ကျေးရွာမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
မကွေးမြို့နယ် ပုထိုးကျေးရွာ ၄လက်မခွဲ စက်ရေတွင်းဖွင့်ပွဲနှင့်လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတာ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊Asia W0rld Foundation မှ စက်ရေတွင်း အလှူရှင် ဒါရိုက်တာဦးစိုးဝင်းသန့်၊တိုင်းဒေသကြီး ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာ ပေါ်ထွန်း၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ပုထိုးကျေးရွာ အုပ်ချုပ်ရေး မှူးနှင့်ရပ်မိ ရပ်ဖများ၊ကျေးရွာသူ ရွာသားများ စုစုပါင်း(၃၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်းနှင့်အဆိုပါ စက်ရေတွင်း သည် ၄လက်မခွဲပိုက် စက်ရေတွင်း ဖြစ်ပြီး (၁) နာရီ ပျမ်းမျှရေဂါလံ(၃၀၀၀)ထွက်ရှိကာ ပုထိုးကျေးရွာမှ လူဦးရေ (၂၅၀၀)ကျော်အတွက် သန့်ရှင်းသော သောက်သုံးရေများ ရရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment