This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, July 28, 2016

မြေလတ်ဂျာနယ်၊ ၂၀၁၆၊ သြဂုတ်လ(၁-၁၅)ရက်၊ အတွဲ(၂) အမှတ်(၁၁)၊ ဂျာနယ်ကို ဇူလိုင် ၃၀ ရက်နေ့ ဖြန့်ချိပါမည်။



မြေလတ်ဂျာနယ်၊ ၂၀၁၆၊ သြဂုတ်လ(၁-၁၅)ရက်၊ အတွဲ(၂) အမှတ်(၁၁)၊  ဂျာနယ်ကို ဇူလိုင် ၃၀ ရက်နေ့ ဖြန့်ချိပါမည်။

          အပတ်စဉ် ၀ယ်ယူအားပေးကြသော စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်ပါသည်။
မြေလတ်ဂျာနယ်သည်  နယ်ကိုယ်စားလှယ်များနှင့် ဒေသခံသတင်းထောက်(မန်ဘာ)များ၏ အမှာစာ စောင်ရေအတိုင်းသာ ပုံမှန် ရိုက်နှိပ်ဖြန့်ချိပေးပါသည်။

သို့ပါ၍ နယ်ကိုယ်စားလှယ်အသစ်များ၊ ဌာနဆိုင်ရာများမှ ဖြန့်ချိလိုပါလျှင် ဂျာနယ်တိုက် လိပ်စာနှင့် ဖြန့်ချိရေးတာဝန်ခံ ဖုန်းနံပတ်များသို့ အမှာစာ အော်ဒါများ ကြိုတင်ပေးပို့နိုင်ပါသည်။

ရုံး ။   ၀၆၃-၂၅၁၉၇ / ၀၉-၄၄၀၂၂၅၁၀၀ / ၇၉၄၅၇၅၀၇၀ /

ဖြန့်ချိရေး၊ နိုင်ယုဝေ- ၇၉၁၄၇၈၄၂၈ / ဧသုချို- ၄၃၀၁၀၅၀၆

အမှုဆောင်အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်တိုက်
အမှတ် ၅၊ ဟိန္ဒူဆိုင်တိုက်တန်း
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်ကွက်
မကွေးမြို့ ။ ၀၆၃-၂၅၁၉၇

Sunday, July 24, 2016

ပခုက္ကူမြို့ မြို့ရှောင်လမ်းအနီး လူသတ်မှုဖြစ်ပွား*

          ပခုက္ကူမြို့နယ်၊ချောက်ကန်ကျေးရွာ၊မြို့ရှောင်လမ်းအနီး
ယာခင်းအတွင်းမှ အမျိုးသားတစ်ဦးအား  ဒဏ်ရာများဖြင့် သေဆုံးလျှက်
အမျိုသမီးတစ်ဦးအား(စိုးရိမ်ရ)ဒဏ်ရာများဖြင့် ဇူလှိုင်(၂၃)ရက်နေ့ နံနက်ပိုင်း က
တွေ့ရှိခဲ့ကြောင်း ပခုက္ကူမြို့မရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ ဇူလှိုင်(၂၃)ရက်နေ့
နံနက်(၈)နာရီအချိန်က ပခုက္ကူမြို့နယ်၊ ချောက်ကန်
ကျေးရွာအုပ်စု၊ချောက်ကန်ကျေးရွာ မြိ့ရှောင်လမ်းဘေးတွင် အမည်မသိအမျိုးသားတစ်ဦး
နှင့် အမျိုးသမီးတစ်ဦးတို့ သွေးများဖြင့်လဲကျနေကြောင်းသတင်းအရ
ပခုက္ကူမြို့မရဲစခန်းမှူး
ဒုရဲမှူးကျော်စိုး၊ဒုရဲအုပ်ကျေ်မင်း၊နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်
ဟန်နိုင်ဝင်းပါဝင်သောအဖွဲ့သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ မြို့ရှောင်လမ်း
မိုင်တိုင်အမှတ် (၀/၇)၏မြောက်ဘက် ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင်၏
အနောက်ဘက်ကိုက်(၅၀၀)ခန့်အကွာ ယာခင်းအတွင်းရှိ သစ်ပင်အောက်တွင်
အမည်မသိအမျိုးသား၊အသက်(၃၀)နှစ်ခန့်(အဖ၊အလုပ်အကိုင်၊နေရပ်စုံစမ်းဆဲ)တွင်
ဦးခေါင်းနောက်စေ့ဝဲဘက်ပေါက်ပြဲ၊
ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ၊နောက်စေ့တည့်တည့်ပေါက်ပြဲ၊ယာမျက်လုံးဖူးရောင်ဒဏ်ရာ(သေဆုံး)
နှင့် အမည်မသိအမျိုးသမီး၊
အသက်(၃၈)နှစ်ခန့်(အဖ၊အလုပ်အကိုင်၊နေရပ်စုံစမ်းဆဲ)တွင်
နဖူးပေါက်ပြဲ၊ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ၊ ဝဲလက်ခုံဖူးရောင်၊
ဝဲလက်သူကြွယ်ပွန်းဒဏ်ရာ၊အသက်ရှူလျှက်၊စကားမပြောနိုင်(စိုးရိမ်ရ)ဒဏ်ရာဖြင့်လဲကျနေသည်ကိုတွေ့ရှိခဲ့သဖြင့်
အမည်မသိအမျိုးသမီးအား ပခုက္ကူမြို့ပြည်သူ့ဆေးရုံသို့
ပို့ဆောင်ထားရှိခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်၏ကနဦးစစ်ဆေးချက်
အရသိရသည်။ဖြစ်စဉ်နှင့်ပက်သက်၍ အမည်မသိအမျိုးသားအား သေဆုံးအောင်ပြုလုပ်သူ နှင့်
အမည်မသိအမျိုးသမီးအား အပြင်းအထန်နာကျင်ဒဏ်ရာများရရှိအောင်ပြုလုပ်သူ တရားခံအား
စုံးစမ်းဖော်ထုတ်အရေးယူပေးရန် ဒုရဲအုပ်ကျော်မင်းမှ
တရားလိုပြုတိုင်ကြားခဲ့သဖြင့် ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်းမှ
(ပ)၇၇၂/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၅ ဖြင့်အမှုဖွင့်ထားရှိပြီး အမှုစစ်
ဒုရဲမှူးကျော်စိုးမှ
တရားခံအမြန်ဆုံးဖမ်းဆီးနိုင်ရေးစုံစမ်းစစ်ဆေးလျှက်ရှိကြောင်းသိရသည်။ မြေလတ်ဂျာနယ်

မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)၏ ပြည်သူ့အတွက် ရက်(၁၀၀)


မကွေး     ဇူလိုင်     ၂၄
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အား ပြည့်ဝတည်ငြိမ်စွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ လျှပ်စစ်မီး မရရှိသေးသည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ လျှပ်စစ်မီးရရှိပြီး ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင် စေရေးလုပ်ငန်းများကို ဆောင်ရွက်လျှက် ရှိသည်။
အဆိုပါလုပ်ငန်းများ အနက်မှ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲ မြို့နယ်တွင် 66/11kV, 5MVA ကိုးပင်ဓာတ်အား ခွဲရုံအား လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း(ESE)မှ ပြည်သူ့အတွက် ရက် (၁၀၀) စီမံချက်အရ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ပြီးစီး၍ ဇူလိုင်၂၄ ရက်နေ့ နံနက် ၉နာရီက တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးအောင်သန်းမှ 66/11kV, 5MVA ကိုးပင်ဓာတ်အားခွဲရုံမှ ၁၁ကေဗွီ ဖီဒါများဖြင့် ကျေးရွာ(၁၅)ရွာနှင့် ဆင်ပေါင်ဝဲမြို့အား ဓာတ်အားဖြန့်ပို့လွှတ်မှု အခြေအနေ ၊ ကျေးရွာများအတွင်း လျှပ်စစ် အန္တရာယ် ကင်းရှင်းစွာဖြင့် ပြည်သူများ ဓာတ်အားစတင် သုံးစွဲနေမှုများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ကိုးပင်ဓာတ်အားခွဲရုံမှ ကျေးရွာ (၁၅)ရွာသို့  ဓာတ်အားပေးနိုင်ရေး အတွက် ၁၁ကေဗွီလိုင်း (၂၂.၁)မိုင်၊ ၁၁/၀.၄ကေဗွီ Distribution Transformer (၁၈)လုံးကိုလည်း တည်ဆောက် ပေးထားပြီးဖြစ်ရာ  ရွာသစ်၊ လယ်ကျိုး၊ မကြီးစမ်း၊ ချီစွတ်၊ ဘော်မြင့်၊ နတ်ရွာ၊ ကျောက်ဖြူတောင်၊ ကျွဲခြံ၊ ကျောက်ဆောင် စမ်း၊ စည်ပင်လှ၊ ချောင်းကောက်၊ ကိုးပင်၊ တောညောင်ပင်သာ၊ ကျေးခိုင်မ၊ အင်ပင်လှ ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးမည် ဖြစ်သည်။
66/11kV, 5MVA ကိုးပင်ဓာတ်အားခွဲရုံရှိ ၁၁ကေဗွီဖီဒါ(၃)ခုမှ ၁၁ကေဗွီ ဆင်ပေါင်ဝဲ ဖီဒါဖြင့် ဆင်ပေါင်ဝဲမြို့သို့လည်းကောင်း၊ ၁၁ကေဗွီ ကျေးရွာဖီဒါဖြင့် ကျေးရွာ(၁၅)ရွာသို့ လည်းကောင်း၊ ၁၁ကေဗွီ Station ဖီဒါဖြင့် ခွဲရုံအသုံးပြုခြင်းဖြင့် လည်းကောင်း ဗို့အားပြည့်ဝစွာဖြန့်ဖြူးပေးထားလျှက် ရှိသည်။ ထို့ပြင် ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ကျေးရွာအနီးတွက် 66/11kV, 5MVA ဓာတ်အားခွဲရုံ တည်ဆောက်ပေးခြင်းဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ( ၁၅ )ရွာ ၊ အိမ်ထောင်စုပေါင်း  ( ၃၁၅၀ ) ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း စသည့် စာသင် ကျောင်း ( ၁၉ ) ကျောင်း ၊ ဆေးရုံ( ၂ )ရုံ ၊ ကျေးလက်ဆေးပေးခန်း( ၁ )ခု ၊ ဆက်သွယ်ရေး စခန်း ( ၂ )ခု နှင့် ဘုရား ကျောင်း ၊ ကန် စသည့် ဘာသာရေး အဆောက်အဦများ လျှပ်စစ်မီး ရရှိမည့်အပြင် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လည်း အကျိုးကျေးဇူး များစွာ ရရှိလာမည် ဖြစ်ကြောင်း သိရသည်။
ယခင်က ကျွန်တော်တို့ဒေသမှာ လျှပ်စစ်မီးရဖို့ဆိုတာ စဉ်းစားလို့တောင် မရပါဘူး သို့သော် လည်း ဒီဘက်အစိုးရ လက်ထက်ကြတော့ ကိုးပင်မှာ ဓာတ်အားခွဲရုံရောက်ပြီဆိုတော့ ကျွန်တော်နှင့် အတူ တစ်ရွာလုံးက စိတ်ဝင်စားတယ် ဓာတ်အားခွဲရုံ မြေနေရာကအစ ကျွန်တော်တို့ဒေသကနေ အကုန်အကျခံ နေရာပေးခဲ့ပါတယ် လက်ရှိအနေအထားမှာ ကျွန်တော်တို့ရွာမှာ အိမ်ခြေ(၄၀၀) လောက်ရှိပြီး(၄၀)လောက်က ကိုယ့်မီးစက်နဲ့ကိုယ် လင်းရတဲ့အနေအထားပါ၊ ကျွန်တော် စက်မှု လက်မှုလုပ်ငန်းလုပ်ပါတယ် ကိုယ့်စက်နဲ့ကိုယ်လင်းရတာပေါ့၊ ကျန်တဲ့ ထမင်းဆိုင်၊ဈေးဆိုင်ခန်းတို့လဲ ဒီလိုပါဘဲ၊ ဒီလိုမီးထွန်းရတဲ့စရိတ်ကို ကျွန်တော်တို့မှာ လက်ရှိဒီဇယ်ဈေးမဟုတ်ဘဲ ယခင်ကဈေးနဲ့ ဆိုရင် တစ်လကို တစ်သိန်းခွဲ ကုန်ကျပါတယ၊် ယခု လျှပ်စစ်မီးရလာတဲ့ အချိန်မှာ ကုန်ကျစရိတ် ကများစွာ သက်သာသွားတော့မှာ ဖြစ်ပါတယ် လက်ရှိမှာ အိမ်ခြေ(၂၀၀)ကျော် မီးယူထားပြီးပါပြီ လမ်းမီးကြိုးများမှာလဲ သွယ်တန်းထားပြီးဖြစ်နေပါပြီ  ကျွန်တော်တို့ရွာ ၂၃ ရက်နေ့ညက စတင် မီးလင်းခဲ့ရပါပြီ၊ ရွာသူရွာသားတွေ စိတ်ဝင်စားကြပါတယ် ညနက်သန်းခေါင်တောင်မှ မီးကို မမြင်ဘူးကြတော့ ထ ထကြည့်တာ တစ်ရွာလုံး မအိပ်ရသလောက်ပါဘဲ ကျွန်တော်တို့ဒေသမှာ မမျှော်မှန်းတဲ့ ကိစ္စတွေကို နိုင်ငံတော်မှ ပံ့ပိုးလာတဲ့ အတွက်ကြောင့် နိုင်ငံတော်ကို များစွာ ကျေးဇူးတင်ပါကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာ မီးလင်းရေးကော်မတီ ဦးသိန်းဝင်းက ပြောသည်။
ဆင်ပေါင်ဝဲမြို့သည်  ၁၉၉၁ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ပြီး မကွေးမြို့ မကြီးကန် ပင်မဓာတ်အားခွဲရုံမှ ၁၁ကေဗွီဓာတ်အားလိုင်းဖြင့် ဆင်ပေါင်ဝဲမြို့သို့ ၄၈မိုင်ခန့် ဓာတ်အားလိုင်း သွယ်တန်းဖြန့်ဖြူးခဲ့ရာ ဆင်ပေါင်ဝဲမြို့တွင် ဗို့အားကျဆင်း၍ ဓာတ်အားပြတ် တောက်မှုများလည်း မကြာခဏ ဖြစ်ပေါ်ခဲ့ရပြီး ယခုအခါ တည်ဆောက်ပြီးစီးသည့် 66/11kV, 5MVA ကိုးပင် ဓာတ်အား ခွဲရုံမှ ၁၁ ကေဗွီလိုင်း(၁၇)မိုင်ခန့်ဖြင့် တည်‌ဆောက် ဓာတ်အားပေးထားသဖြင့် ဗို့အားတိုးတက် ကောင်းမွန်ပြီး ဓာတ်အားပြတ်တောက်မှု လျော့နည်းသွားတော့မည် ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

ခြိမ်းခြောက်လာသော အန္တရာယ်များအကြောင်း ဟောပြောပွဲ

ငဖဲ       ဇူလိုင်      ၂၄
ငဖဲမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့က ကြီးမှူး၍ မြန်မ့ာယဉ်ကျေးမှု တန်ဖိုးများကို ခြိမ်းခြောက်လာသော အန္တရာယ်များအကြောင်း ဟောပြောပွဲကို ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီက အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ ငဖဲ အထကမှ ဆရာများနှင့်ကျောင်းသား ကျောင်းသူ (၁၄၅) ဦး တို့ တက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်စန်းသီတာညွှန့်က အမှာစကားပြော ကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက ယဉ်ကျေးမှု အဓိပ္ပါယ်၊ မြန်မ့ာယဉ်ကျေးမှုခရီး၊ မြန်မာ့ယဉ်ကျေးမှုနှင့်ဗုဒ္ဓဘာသာတရားတော်၊ မြန်မ့ာယဉ်ကျေးမှု တန်ဖိုးများကို ခြိမ်းခြောက်လာသော အန္တရာယ်များ၊ ကိုယ်နှုတ်အမူအရာ ယဉ်ကျေးမှု၊ လူမှုဆက်ဆံ ရေးယဉ်ကျေးမှု၊အမျိုးဂုဏ် ဇာတိဂုဏ်ကို စောင့်ရှောက်ထိန်းသိမ်းသော ယဉ်ကျေးမှူ၊ ဝတ်စားဆင်ယင် မှု၊အတာသင်္ကြန်၊အနုသုခုမပညာများ၊ဘာသာစကား၊စာပေ၊အစားအစာနှင့်ပတ်သက်သောယဉ်ကျေးမှု စသည့် အကြောင်းအရာများကို power point ဖြင့် အကျယ်တ၀င့် ရှင်းလင်းပြသကာ အသိပညာပေး ဆွေးနွေးဟော ပြောခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

Friday, July 22, 2016

မကွေးတက္ကသိုလ် ပထ၀ီဝင်ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲကျင်းပ


မကွေး     ဇူလိုင်     ၂၂
မကွေးတက္ကသိုလ်တွင် အထူးပြုဘာသာရပ်ဆိုင်ရာ ဟောပြောပွဲများကို ဇူလိုင်လအတွင်း ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက မကွေးတက္ကသိုလ် ဘက်စုံခန်းမ၌ ပထ၀ီဘာသာ ရပ်ဆိုင်ရာ ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မကွေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာကြီးဒေါက်တာဝင်းစိုးက အမှာစကားပြောကြားပြီး ဆရာကြီး ဒေါက်တာ သိန်းထွန်း (ပါမောက္ခချုပ်(ငြိမ်း)၊ ရန်ကုန်သမ၀ါယမ တက္ကသိုလ်) က Geographical Review on Ayeyarwaddy River Basin ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာကြီး ဒေါက်တာ လှကျော် (ပါမောက္ခ(ငြိမ်း)၊ပထ၀ီဝင်ဌာန၊ပခုက္ကူတက္ကသိုလ်)က Greenhouse Effects,Global Warmming and Arboriculture ခေါင်းစဉ်နှင့် ဆရာကြီး ဒေါက်တာ အောင်မြိုင်(ပါမောက္ခ(ဌာနမှူး)၊ပထ၀ီဝင်ဌာန၊မုံရွာ တက္ကသိုလ်)မှ The Role of Technology in Teaching and Learning of Geography ခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောခဲ့ရာ မကွေးတက္ကသိုလ် ပထ၀ီဝင်ဘာသာရပ်ဆိုင်ရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြားနာ မှတ်သား ခဲ့ကြသည်။
ထို့နောက် ဆရာကြီး ဒေါက်တာ အောင်မြိုင် (ပါမောက္ခ(ဌာနမှူး)၊ ပထ၀ီဝင်ဌာန၊ မုံရွာ တက္ကသိုလ်)က မကွေးတက္ကသိုလ် ပထ၀ီဝင်ဌာနသို့ စာအုပ်များပေးအပ်လှူဒါန်းပြီး ဟောပြာပွဲ အခမ်းအနား ပြီးမြောက်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

*ရေနံချောင်းမြှိုနယ်တွင် ညီအစ်ကိုနှစ်ဦး ငုံးထောင်သွားရာမှ မိုးကြိုးထိမှန်သေဆုံး*


                  ရေနံချောင်းမြို့နယ်၊ အရှေ့ကုန်းကျေးရွာအနီး၌
ဇူလှိုင်(၂၁)ရက်နေ့က
အမျိုးသား(၂)ဦး မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း
အင်တောနယ်မြေရဲစခန်းမှသိရသည်။ဖြစ်စဉ်မှာ ဇူလှိုင်(၂၁)ရက်နေ့ ညနေ(၄)နာရီအချိန်က
ရေနံချောင်းမြို့နယ်၊ အရှေ့ကုန်းကျေးရွာအုပ်စု၊ အရှေ့ကုန်းရွာ၏ အရှေ့မြောက်ဘက်
(၃)မိုင်ခန့်အကွာ ဦးဝင်းဘို၏ ပဲခင်းအနီး ထန်းပင်နှင့် ဖက်သန်းပင်အောက်တွင်
လူ(၂)ဦးမိုးကြိုးထိမှန်၍သေဆုံးနေကြောင်း အရှေ့ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး
ဦးရဲအောင်မှဖုန်းဆက်ကြောင်းကြားချက်အရ အင်တောရဲကင်းစခန်းမှူး ရဲအုပ်
သန်းနိုင်ဦးနှင့်အဖွဲ့ အခင်းဖြစ်နေရာသို့
သွားရောက်စစ်ဆေးခဲ့သည်။သေဆုံးသူများမှာ အရှေ့ကုန်းကျေးရွာနေ
ညီအစ်ကိုများဖြစ်ကြသော  ကိုသိန်းတန်၊အသက်(၄၉)နှစ်နှင့်
ကိုပြူးကျော်၊အသက်(၃၉)နှစ်တို့ဖြစ်ကြပြီး ၎င်းတို့မျက်နှာနှင့်ရင်ဘတ်၊လက်မောင်း၊
နှုတ်ခမ်း၊ မျက်ခွံတို့တွင် မဲခြောက်နေပြီး မိုးကြိုးထိမှန်သောလက္ခဏာများဖြင့်
အခင်းဖြစ်နေရာတွင် သေဆုံးနေ သည်ကိုစစ်ဆေးတွေ့ရှိခဲ့သည်။ ဖြစ်စဉ်အားစုံစမ်းရာ
ဇူလိုင်(၂၀)ရက်နေ့ မွန်းလွဲ(၃)နာရီခွဲအချိန်က ၎င်းတို့ ညီအစ်ကို နှစ်ဦးသည်
ငုံးထောင်ရန်အတွက် နေအိမ်မှထွက်ခွာသွားပြီး ညအချိန်ရောက်သည်အထိအိမ်ပြန်
ရောက်လာခြင်းမရှိခဲ့သော ကြောင့် မိသားစုများနှင့် ရွာသူ/ကျေးရွာသားများမှ
လိုက်လှံရှာဖွေခဲ့ရာတွေ့ရှိခြင်းမရှိခဲ့၍ ထပ်မံရှာဖွေရာမှ ဇူလိုင်(၂၁) ရက်နေ့
နံနက်(၁၀)နာရီခွဲအချိန်တွင် ကျေးရွာ၏အရှေ့မြောက်ဘက် (၃) မိုင်ခန့် အကွာ
ဦးဝင်းဘို၏ ပဲခင်းအနီး      ထန်းပင်နှင့် ဖက်သန်းပင်အောက်တွင်
သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်းသိရသည်။ အဆိုပါသေဆုံးသူညီအစ်ကို (၂)ဦးသည်
ကျေးရွာတွင် ရန်ညိုးရန်စမရှိခြင်းတို့ကြောင့် ၎င်းတို့၏မိသားစုများ၊
ဆွေမျိုးသားချင်းများ၊ ကျေးရွာရှိကျောင်း ထိုင်ဆရာတော် နှင့် ကျေးရွာသူ၊
ကျေးရွာသားများ၏ သဘောဆန္ဒအရ ကျေးရွာ၏ဓလေ့ထုံးတမ်းအစဉ် အလာအတိုင်း
အခင်းဖြစ်နေရာတွင် ဇူလှိုင်(၂၁)ရက်နေ့ ညနေပိုင်းက
သေဆုံးသူနှစ်ဦးအားမြေမြုပ်သဂြိုလ်ခဲ့ကြောင်းသိရသည်။
မြေလတ်ဂျာနယ်

လိုင်စင်မဲ့ကားလက်ဝယ်ထားရှိအသုံးပြုသူ ဦးပဉ္ဇင်းတစ်ပါးအား လူဝတ်လဲအရေးယူ*


                ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၊  လောင်းရှည်-ဆိပ်ဖြူကားလမ်း၌
ဇူလှိုင်(၂၀)ရက်နေ့ ညပိုင်းက လိုင်စင်မဲ့ကား တစ်စီးအား မောင်နှင်လာသော
ဦးပဉ္ဇင်းတစ်ပါးအား လူဝတ်လဲကာ အရေးယူခဲ့ကြောင်း ဆောမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလှိုင်(၂၀)ရက်နေ့ ည(၁၀)နာရီခွဲ အချိန်က ဆောမြို့မရဲစခန်းမှူး
ဒုရဲမှူး စိုင်းထွန်းကျော် နှင့်အဖွဲ့သည် လောင်းရှည်-ဆိပ်ဖြူကားလမ်း
မိုင်တိုင်အမှတ် ၆၄/၃ နှင့် ၆၄/၄ အကြား၌ ယာဉ်ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ်
လောင်းရှည်ဘက်မှ ဆောမြို့ဘက်သို့ မောင်းနှင်လာသော ၉ခ/၇၀၉၃
စူပါကာစတန်ခဲရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်မောင်းနှင်လာသူမှာ
စလင်းမြို့၊ ဆုံတားကျောင်းတိုက်နေ ဦးသံဝရ (လူအမည် ခင်မောင်နိုင်)၊
သက်တော်(၃၇)နှစ်၊ ၀ါတော်(၁၉)၀ါ၊သာသနာဝင်အမှတ် ၈/စလန(သ) ၀၀၅၁၈၉
ကိုင်ဆောင်သူဖြစ်ကြောင်းတွေ့ရှိရသဖြင့် ဆောမြို့နယ်
သံဃာ့နာယကဆရာတော်ထံပင့်ဆောင်၍ မြို့နယ်သာသနာရေးဦးစီးမှူး
ဦးမြင့်သန်းတို့နှင့်အတူ  အဆိုပါယာဉ်အား စစ်ဆေးခဲ့ရာ
လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရသဖြင့်  မြို့နယ်သံဃာ့နာယကဆရာတော်မှ
လူဝတ်လဲစေ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ယင်းဖြစ်စဉ်နှင့်ပက်သက်၍ လိုင်စင်မဲ့ယာဉ်
လက်ဝယ်ထား အသုံးပြုသူ ဦးသံဝရ (ခ) ခင်မောင်နိုင် အား အရေးယူပေးရန်
 ဒုရဲမှူးစိုင်းထွန်းကျော်မှ ဇူလှိုင်(၂၁)ရက်နေ့တွင် တရားလိုပြုတိုင်တန်းသဖြင့်
ဆောမြို့နယ်၊ မြို့မရဲစခန်းမှ (ပ)၈၀/၂၀၁၆ ၊ ပို့ကုန်/သွင်းကုန်ပုဒ်မ ၈
ဖြင့်အမှုဖွင့်ထားသည်။
မြေလတ်ဂျာနယ်

ကြွက်သတ်ဆေးသောက် သေကြောင်းကြံစည်သော အမျိုးသမီးအား သက်ဆိုင်ရာမှအရေးယူ

          နတ်မောက်မြို့၌ အမျိုးသမီးတစ်ဦး ကြွက်သတ်ဆေးသေကြောင်းကြံစည်မှု ဇူလှိုင်(၂၁)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း နယ်မြေခံရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ ဇူလှိုင်(၂၁)ရက်နေ့ ညနေ(၄)နာရီအချိန်က နတ်မောက်ပြည်သူ့ ဆေးရုံ၌ ကြွက်သတ်ဆေးသောက်သုံးသူ လူနာတစ်ဦးရောက်ရှိလာကြောင်း သတင်းအရ နတ်မောက်မြို့မရဲစခန်းမှ ဒုရဲအုပ်စောသက်လွင် သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဆေးသောက်သူမှာ မမြင့်မူ၊အသက်(၂၆)နှစ်၊ အောင်ဆန်း ရပ်ကွက်၊နတ်မောက်မြို့နေသူဖြစ်ကြောင်းသိရှိရပြီး ၎င်းသည် ရည်းစားမှ အဆက်ဖြတ်သဖြင့် စိတ်ညစ်ကာ နတ်မောက်မြို့ မြို့မဈေးအတွင်းရှိ ဦးမိုးဇော်၏ ကုန်စုံဆိုင်မှ “  မန္တလာ-၂ “ အသင့်သုံး ကြွက်သတ်ဆေးအခဲ (၆)ခဲ အား ဝယ်ယူကာ ယင်းနေ့ မွန်းလွဲ(၂)နာရီအချိန်တွင် ရန်အောင်မြင်လမ်းဘေး၌ ကြွက်သတ်ဆေးများသောက်သုံးခဲ့သဖြင့် မူးဝေ အော့အန်ခြင်း(မစိုးရိမ်ရ)ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်၏စစ်ဆေး ချက်အရသိရသည်။ ဖြစ်စဉ်နှင့်ပက်သက်၍ မိမိကိုယ်ကိုသတ်သေရန်အကြံဖြင့် ကြွက်သတ်ဆေးများသောက်သုံးသူ မမြင့်မူ အားရေးယူပေးရန် ဒုရဲအုပ် စောသက်လွင်မှ တရားလိုပြုတိုင်ကြားခဲ့သောကြောင့် နတ်မောက်မြို့နယ်၊မြို့မရဲစခန်းမှ (ပ)၈၄၀/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၉ ဖြင့်အမှုဖွင့်ထားသည်။
မြေလတ်ဂျာနယ်