ရေစကြိုမြို့၊ အမှတ်(၃)ရပ်ကွက်တွင် တီဗွီအင်တာနာတိုင်ထောင်ရာမှ
လူ(၂)နှစ်ဓါတ်လိုက်ကာ (၁)ဦးသေဆုံးခဲ့မှု ဇွန်(၉)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဇွန်(၉)ရက်နေ့ နေ့လည်(၃)နာရီခွဲအချိန်က လူတစ်ဦး ဓါတ်လိုက်သေဆုံးပြီး အခြားသူတစ်ဦး
ဒဏ်ရာရရှိကြောင်းသတင်းအရ ရေစကြိုမြို့မရဲစခန်းမှူး ဒုရဲမှူးစည်သူအောင် သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည် ။
ရေစကြိုမြို၊ အမှတ်(၃)ရပ်ကွက်၊ပင်လုံလမ်းရှိ
” ဆန်းသစ် ” ကုန်မာဆိုင်၏ အိမ်ရှေ့ဝရန်တာပေါ်တွင် တီဗွီအင်တာနာတိုင်တပ်ဆင်ရန်
အခကြေးငွေဖြင့်လိုက်လံတပ်ဆင်ပေး သူ ဦးဌေးလှိုင် နှင့်၎င်း၏တူဖြစ်သူ
သိန်းထိုက်ကျော်(ခ)ဖိုးချွန်၊ အသက်(၁၈)နှစ်၊အမှတ်(၂)ရပ်ကွက်၊ေ ရစကြိုမြို့နေသူတို့(၂)ဦးသည်
အင်တာနာတိုင်တပ်ဆင်ရန်အတွက် အသုံးပြုမည့် အရှည်(၂၀)ပေ၊လုံးပတ်(၁)လက်မခန့် ရှိ သံတိုင်အား
ဦးဌေးလှိုင်မှ ကိုင်ဆောင်အသုံးပြုရာ လမ်းမဘက်ရှိ ဗို့အား 11KV လျှပ်စစ်ဓါတ်အားလိုင်းကြိုးနှင့် ထိမိပြီး
ဓါတ်လိုက်နေစဉ် သိန်းထိုက်ကျော်(ခ)ဖိုးချွန်မှ ဝင်ဆွဲရာဓါတ်လိုက်ခဲ့သဖြင့် ဦးဌေးလှိုင်တွင်
ဝဲလက်ဖဝါး၊လက်ဖျံ၊ လက်မောင်းနှင့် နောက်ကျောတို့တွင်အရေပြားစုတ် ပြဲလန်ကာညိုမဲဒဏ်ရာများ
နှင့် သိန်းထိုက်ကျော်(ခ)ဖိုးချွန်တွ င် ဦးခေါင်း နောက်စေ့ညိုမဲဖူးရောင်၊ဝဲလည်ပင်း/လည်ဂုတ်/လက်ပြင်နှင့်
နောက်ကျောတို့တွင် မီးလောင်အရေပြားစုတ်ပြဲညိုမဲ၊ ဝဲပေါင်အတွင်းဘက်စုတ်ပြဲ၊ဝဲလက် ဖဝါးအရေပြားအရေပြား
စုတ်ပြဲညိုမဲဒဏ်ရာတို့ရရှိခဲ့သြ ဖင့် အဆိုပါနေ့ နေ့လည် (၂)နာရီ(၄၅)မိနစ်အချိန် ဆေးရုံသို့ပို့ဆောင်ဆေးကုသမှုခံ ယူနေစဉ်
သိန်းထိုက်ကျော်(ခ)ဖိုးချွန်မှာ နေ့လည်(၃) နာရီအချိန်တွင်ရရှိသောဒဏ်ရာဖြင့်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း
အမှုစစ်၏စစ်ဆေးချက်အရသိရသည်။ ယင်းအမျိုးသားသေဆုံးမှုနှင့်ပက် သက်၍ ဒုရဲမှူးစည်သူအောင်မှ
တရားလိုပြုတိုင်ကြားခဲ့သောကြော င့် ရေစကြိုမြို့နယ်၊ မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်
၇/၂၀၁၆ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။
နေဇော်
0 comments:
Post a Comment