Saturday, June 11, 2016

ချင်းတိုင်းရင်းသား စာပေသင်ကြားရေး စာပေနှင့်ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်




စေတုတ္တရာ     ဇွန်     ၁၁
          တိုင်းရင်းသားရေးရာဝန်ကြီးဌာန ချင်းတိုင်းရင်းသားစာပေသင်ကြားရေး စာပေနှင့်ယဉ်ကျေး မှု သင်တန်းဖွင့်ပွဲကို စေတုတ္တရာမြို့ မိုးကုတ်ရိပ်သာ ခေမာဆောင်တွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
          သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီးဦးလှထွန်းက ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ဦးမှ အမှာစကား ပြောကြားခြင်း၊ချင်းတိုင်းရင်းသားစာပေသင်ကြားပို့ချသွားမည့် သင်တန်းဆရာ ဦးလှမောင်က ပူးချင်း(ချင်းပုံ)တို့၏ စာပေပြုစုသင်ကြားရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းနှင့် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးက နိဂုံးချုပ်အမှာစကားပြောကြားခြင်းများ ဆောင်ရွက် ခဲ့သည်။
          အဆိုပါသင်တန်းကို ၂၀၁၅-ခုနှစ်တွင် ချမှတ်ပြဌာန်းသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်သည့် ဥပဒေအခန်း(၃)အရ မိမိတို့၏စာပေဖြင့် ဘာသာစကား အခေါ် အဝေါနှင့် ယဉ်ကျေးမှုထိန်းသိမ်းရန်၊ အခြားသောတိုင်းရင်းသားများနှင့် တန်းတူညီမျှမှု ရှိစေရန်၊ လူမျိုးတစ်မျိုးလုံးမိမိတို့ စာပေအား သင်ယူတတ်မြောက်နိုင်ရန်၊မတူကွဲပြားသော စကားအသုံး အနှုန်းနှင့်လေယူလေသိမ်းများ ထပ်တူဖြစ်စေပြီး စည်းလုံးညီညွတ်မှုရှိစေရန်၊ ကျောင်းသင်ခန်းစာ ဘာသာရပ်တစ်ခုအနေနှင့် သင်ကြားခွင့်ဆိုသည်နှင့်အမျှ သင်ကြားပို့ချပေးနိုင်သော ဆရာ၊ ဆရာမ များ အဆင်သင့်ရှိစေရန်၊ဥ(ပ်)ပူးချင်းကျေးရွာတိုင်းရှိ ကလေးသူငယ်များအား ဆင့်ပွား ပေးနိုင်ရန်၊ လွယ်ရာမှခက်ရာသို့ သွားသော ပညာရေးစနစ်နှင့်အညီ မိမိတို့ဘာသာစကားစာပေကို လွယ်ကူစွာ သင်ကြားတတ်မြောက်ပြီး အခြားသောဘာသာစကားစာပေများကို စိတ်ဝင်တစား လွယ်ကူစွာ ကူးပြောင်း သင်ယူလိုပြီး ထူးချွန်သောကလေးများဖြစ်လာစေရန်နှင့် နိုင်ငံတော်အစိုးရ၏ ဂုဏ်ပုဒ် ကို ဖော်ဆောင်ရန် စသည့်ရည်ရွယ်ချက်များဖြင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ချင်းတိုင်းရင်းသား စာပေ သင်ကြားရေး သင်တန်းသို့ စေတုတ္တရာမြို့နယ် အတွင်းရှိ ကျေးရွာများမှ ချင်းတိုင်းရင်း သား/တိုင်းရင်းသူ (၄၈)ဦး တက်ရောက်ကာ (၁၀-၆-၂၀၁၆) ရက်နေ့မှ(၂၀-၆-၂၀၁၆)ရက်နေ့ထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment