ပွင့်ဖြူ ဇွန်
၈
ပွင့်ဖြူမြို့နယ်တွင်
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သော စံညီစာကြည့်တိုက်များထဲမှ အဆောက်အဦး ဆောက်လုပ်ရန်
မုန်းမြင့်အုပ်စု သမော်အင်းကျေးရွှာ လမင်းသာစာကြည့်တိုက်သို့ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်းဒေးရှင်းမှထောက်ပံ့ပေးအပ်သည့်
ငွေကျပ် ဆယ်သိန်းအား ဇွန်လ ၇ ရက်နေ့တွင် ပွင့်ဖြူမြို့နယ် ပြန်ဆက်ဦးစီးမှူး ဒေါ်မေသန္တာအောင်မှ
ကျေးရွာစာကြည့်တိုက် ကော်မတီများထံ ပေးအပ်ပြီး ပြည်သူလူထုမှ ထည့်ဝင်ငွေ တစ်ဆယ့်ငါးသိန်းဖြင့်
အလျား(၂၄)ပေ၊ အနံ (၁၄)ပေ၊ အမြင့်(၁၂)ပေဖြင့် သွပ်မိုးအုတ်ကာ သမံတလင်းခင်း ဖြင့်ဆောင်ရွှက်မည်ဖြစ်ကြောင်း
သိရသည်။
ထို့အတူ
ဇွန်လ ၈ ရက်နေ့တွင် ပြည်လုံးကျော်ကျေးရွှာအုပ်စု ပြည်လုံးကျော်ကျေးရွှာ သုတ ဗိမာန် စာကြည့်တိုက်တွင်
ပရိဘောဂများပြုလုပ်ရန် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်းဒေးရှင်းမှ ငွေကျပ်ငါးသိန်းအား
ထောက်ပံ့ပေးအပ်ရာ ပြည်သူထည့်ဝင်ငွေတို့ ဖြင့်ပေါင်းစပ်၍ ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း
သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment