နတ်မောက်မြို့နယ်၊သားမျှားကျေး ရွာ(မ) တွင် ဇွန်(၉)ရက်နေ့ ညပိုင်းက အစ်မဖြစ်သူအား
ညှင်းပန်းနှိပ်စက်ခဲ့သော ယောက်ဖအား မောင်ဖြစ်သူမှ ဓါးဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့ေ ကြာင်း
နယ်မြေခံရဲစခန်းမှသိရသည်။
ဖြစ်စဉ်မှာ ဇွန်(၉)ရက်နေ့ ည(၁၀)နာရီအချိန်က မလှနှင်းဆီ၊အသက်(၄၂)နှစ်၊သားမျှားကျေးရွာ(မ)၊နတ်မောက်မြို့နယ်ေ နသူသည်နေအိမ်၌ရှိနေစဉ် လွန်ခဲ့သော(၂)လခန့်က ကွဲကွာနေသည့်၎င်း၏ခင်ပွန်းဖြစ်သူ
တစ်ရွာတည်းနေ ဦးခင်ငြိမ်း၊အသက်(၄၈)နှစ်ရောက် ရှိလာပြီး မလှနှင်းဆီအား ရွာ၏အရှေ့ဘက်သို့ဆွဲခေါ်သွားပြီး
လည်ပင်းညှစ်ညှင်းပန်းနှိပ်စက်၍ ပတ်ဝန်းကျင်သို့အော်ဟစ်အကူအညီ တောင်းခဲ့ရာ တစ်ရွာတည်းနေ
ဦးသန်းထွေး ရောက်ရှိလာကာ ဝင်ရောက်ဖြန်ဖြေပေးခဲ့သဖြင့် မလှနှင်းဆီမှာ ရွာထဲသို့ပြန်
သွားခဲ့ပြီး အိမ်နီးချင်းဖြစ်သူ ဦးအောင်ကျော်ငြိမ်း၏နေအိမ်တွင် ထိုင်နေစဉ် မလှနှင်းဆီ၏နေအိမ်အောက်တွင်
အိပ်နေသော မောင်အရင်းအဖြစ်သူ မင်းသိန်း၊အသက်(၃၇)နှစ်သည် အရိုး(၉)လက်မခန့်၊ အသွား(၁)ပေခန့်၊
ဗျက်(၂)လက်မခန့်ရှိသော ဓါးမအားကိုင်ဆောင်လျှက် နေအိမ်တောင်ဘက်သို့ပြေးသွားပြီး နောက်
ခဏအကြာလမ်းဘက်မှ “ မလုပ်ပါနဲ့ မလုပ်ပါနဲ့ “ ဟုအော်သံကြားပြီးနောက် မင်းသိန်း မှ မလှနှင်းဆီထံသို့ရောက်ရှိလာကာ
“အစ်မ မကောင်းတဲ့အကောင် ငါတော့ တစ်ခါတည်းရှင်းခဲ့ပြီ” ဟုပြော၍ မလှနှင်းဆီသည်နေအိမ်တောင်ဘက်လမ်းပေါ်ထွက်ကြည့်ရာ ဦးခင်ငြိမ်းတွင် ဦးခေါင်း နောက် စေ့တွင် အလျား(၄)လက်မခန့်ပြတ်ရှဒဏ်ရာ(၁) ချက်ဖြင့်အခင်းဖြစ်နေရာတွင်သေဆုံးနေ
သည်ကိုတွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြားချက်အရသိရသည်။ ဖြစ်စဉ်နှင့်ပက်သက်၍
ခင်ပွန်းဖြစ်သူ ဦးခင်ငြိမ်းအား ဓါးဖြင့်ခုတ်သတ်သူ မောင်ဖြစ်သူ မင်းသိန်းအား အရေးယူပေးရန်
ဇွန်(၁၀)ရက်နေ့တွင် မလှနှင်းဆီ မှ တရားလိုပြု တိုင်ကြားခဲ့သောကြောင့် နတ်မောက်မြို့နယ်၊
မြို့မရဲစခန်းမှ (ပ)၃၄၇/၂၀၁၆၊ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်
kzy
0 comments:
Post a Comment