Saturday, June 11, 2016

လူထုဗဟိုပြု စီမံကိန်းလေ့လာရေးအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ




စေတုတ္တရာ     ဇွန်      ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းမှ ကျင်းပပြုလုပ်သော မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင် အထည်ဖော်ရေးကော်မတီနှင့်တပ်ကုန်း၊လယ်ဝေးမြို့နယ်များမှ လေ့လာရေးအဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်  ၁၀ နာရီက စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဦးဆယ်မောင်မှ တွေ့ဆုံပွဲ၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။ ထို့နောက် လူထုဗဟိုပြု စီမံကိန်းအဖွဲ့ခေါင်းဆောင် ဦးမောင်ပိုက စီမံကိန်း ဒုတိယနှစ်အတွက် စီမံကိန်းလုပ်ငန်းခွဲများဆိုင်ရာနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံချုပ်)လူထုဗဟိုပြု စီမံကိန်းမှ ဒုတိယဦးစီးမှူး ဒေါ်အိစန္ဒာမှ လေ့လာရေး ခရီးစဉ်လာရောက်သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီနှင့် တပ်ကုန်း၊လယ်ဝေးမြို့နယ်များမှ လာရောက်ကြသည့် လေ့လာရေးအဖွဲ့များလေ့လာရေးတွင် တွေ့ရှိသည့် လုပ်ငန်းအားသာချက်၊အားနည်းချက်များအားအပြန်အလှန် ဆွေးနွေးကြပြီး လယ်ဝေး မြို့နယ် လေ့လာရေးကော်မတီဝင် ဒေါ်နွယ်နွယ်ဝင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် အဆိုပါ လေ့လာရေးခရီးစဉ်သို့ တပ်ကုန်းမြို့နယ်နှင့်လယ်ဝေးမြို့နယ်မှလေ့လာရေးအဖွဲ့ ကော်မတီ ၀င်(၄၂)ဦးတို့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများ အား လာရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment