မကွေး ဇွန် ၈
ရက်(၁၀၀)အတွင်း
ပြည်သူလူထုက အသိအမှတ်ပြုသည့် တုန့်ပြန်မှုရရှိစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေး၊
တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးရက်(၁၀၀)စီမံချက် ကို မေလ ၁ ရက်နေ့မှ စတင်၍
အသိပညာပေးခြင်း၊ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ခြင်း၊ အရေးယူ ဆောင်ရွက်ခြင်း၊စဉ်ဆက်မပြတ်
အကဲဖြတ်ဆန်းစစ်ခြင်း၊ကြီးကြပ်ကွပ်ကဲခြင်းစသည့် လုပ်ငန်းစဉ် (၅) ရပ်နှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အသိပညာပေးခြင်းအဖြစ်
မကွေးတိုင်း ဒေသကြီး အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စု(မကွေး)မှ ရဲအုပ်သိန်းနိုင်၊
ရဲအုပ် ကျော် သူရ၊ ရဲအုပ် ဇော်မင်းထွန်း၊ဒုရဲအုပ်
မျိုးမြင့်ထွန်း နှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၁) မကွေးမြို့မရဲစခန်းမှ ဒုရဲမှူး စိန်အောင်နှင့်တပ်ဖွဲ့ဝင်များ၊အမှတ်(၁၅)မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့မှ
ဒုရဲမှူး လှစိုး နှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲရုံးမှ ဒုရဲအုပ်ကျော်မင်းဦးနှင့် တပ်ဖွဲ့ဝင်များ
ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မကွေးမြို့မဈေးကြီးတာဝန်ခံ ဦးအောင်ကျော်ဝေနှင့်အတူ ယနေ့
နံနက် ၈ နာရီက ရက်(၁၀၀)လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေး စီမံချက်အရ
မကွေး မြို့မဈေးကြီးတွင် ဈေးသူ/ဈေးသားများ၊ ဈေးဝယ်ရန်လာရောက်ကျသူများနှင့် ခရီးသွားပြည်သူများ
အား လူကုန်ကူး မှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ၊ မှုခင်းကျဆင်းရေးနှင့်
ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်း စာစောင် ဖြန့်ဝေပေးခြင်းများနှင့် ပြည်သူများ
သိထားသင့်သည့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှု အမျိုးအစား၊လူစုဆောင်းနေသည့်
နည်းလမ်းများစသည့် လူကုန်ကူးမှုနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်အတွင်း မှုခင်းကျဆင်းရေးနှင့်ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက်
အသိပညာ ပေး ဟောပြောမှုများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment