စလင်း ဇွန် ၁၅
စလင်းမြို့နယ် တွင် ချောင်းများနှင့်နီးစပ်ရာယာမြေများတွင် ရေတင်စနစ်ဖြင့် ပဲတီစိမ်းများ အဓိက ထားစိုက်ပျိုးကြသော်လည်း ရာသီဥတုပြောင်းလဲမှုများကြောင့် ပဲတီစိမ်းများ အထွက်နည်းပြီး ယခင်နှစ်များထက် ဈေးနှိမ်ဝယ်ယူ၍ရောင်းချနေကြရသည်။
စည်ဆွဲကျေးရွာနေ ပဲတီစိမ်းစိုက်တောင်သူဖြစ်သည့် ဒေါ်ငွေရည်မှ ``ယခင်နှစ် တစ်ဧကကို (၃၀)တင်းမှ (၃၅)တင်းခန့်ထွက်ရှိတယ်၊ ယခုနှစ်တွင် ရင့်မှည့်ပြီး ဆွတ်ခူးရန် အချိန်မှ မထင်မှတ်ဘဲ မိုးများခဲ့၍ (၁၅)တင်း မှ တင်း(၂၀)ခန့်သာ ထွက်ရှိခဲ့လို့ အချိုတောင်သူများမှာ အထွက်နည်းပြီး လုပ်ခများပင် ရှုံးဆုံးကြောင်း၊ ပဲဈေးမှာလည်း ယခင်နှစ်က တစ်တင်းလျင်(၃၈၀၀၀ိ/-)ကျပ်ထိရောင်းချရပြီး၊ ယခုနှစ်တွင် (၃၀၀၀၀ိ/-)ကျပ်ဖြင့်သာ အ၀ယ်ဒိုင်များထံ ရောင်းချနေရကြောင်း ၊ထွက်ရှိသော ပဲများကို ချောက်မြို့သို့သွားရောက်ရောင်းချနေရကြောင်း´´ပြောပြ၍ သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
This comment has been removed by the author.
ReplyDeleteပဲတီစိမ်းရဲ့ တစ်ဧက ပန်းတိုင်အထွက်နှုန်းသည် တင်း၂၀ ဖြစ်သည်။ ထို့ကြောင့် အဘယ်ဟာကိုရှုံးသည်ပြောနေမည်နည်း
ReplyDelete